အွန်လိုင်းပေါ်မှ ကမ္ဘာတစ်ဝှမ်းလုံးကြည့်ရှုနိုင်အောင် စီစဉ်ထားသော ရုပ်သံလွှင့်ချန်နယ်တစ်ခုဖြစ်သည့် Netflix တွင် အမေရိကန်သမ္မတဟောင်း အိုဘားမား၏ အများအတွက်အကျိုးရှိသော အကြောင်းအရာစကားများကိုသာ ဆွေးနွေးပြောကြားမည့် talks show အစီစဉ်ကို စီးရီးလိုက် ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ထားပြီဖြစ်သည်။
Netflix ကုမ္ပဏီအနေနဲ့ အိုဘားမားနှင့် ဇနီးဖြစ်သူအား ထိုက်တန်စွာချီးမြှင့်ပြီး Netflix တွင်သာ ကြည့်ရှုနိုင်မည် အစီစဉ်ကောင်းအတွက် ကမ်းလှမ်းထားပြီးဖြစ်သည်။ အဆိုပါအစီစဉ်တွင် အိုဘားမားအနေနဲ့ လက်ရှိသမ္မတ ဒေါနယ်ထရမ့် ဒါမှမဟုတ် ကွန်ဆာဗေးတစ်ပါတီနှင့် ပက်သက်၍ ဝေဖန်သည့်အကြောင်းအရာများကို ပြောကြားမည်မဟုတ်ပဲ အများပြည်သူအတွက် အကျိုးရှိစေမည့် အကြောင်းအရာ အဖြစ်ပျက်များကိုသာ ပြောဟောသွားမည်ဖြစ်သည်။
ကုမ္ပဏီနှင့် အိုဘားမားတို့၏အကြား ငွေရေးကြေးရေး ညှိနှိုင်းမှုများကို မသိရှိရသေးသော်လည်း ယင်းအစီစဉ်ကို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများဖြစ်ကြသော Apple Inc နှင့် Amazon.com Inc တို့က ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေကြကြောင်း နယူးရော့ခ်တိုင်းမ်း သတင်းတွင် ဖော်ပြထားသည်။