1. Home
  2. International News

လေယာဉ်အမှုထမ်းရဲ့ ဆင်ခြင်မဲ့လုပ်ရပ်ကြောင့် သေဆုံးခဲ့ရတဲ့ ခွေးလေး

International News มี.ค. 14, 2561 view 1,628

အမေရိကန်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ United Airlines မှ လေယာဉ်အမှုထမ်း၏ ဖိအားပေးစေခိုင်းမှုကြောင့် ခရီးသည်နှင့်အတူပါလာသော ခွေးလေးအား ခရီးသည်ထိုင်ခုံအပေါ်ရှိ ပစ္စည်းထားသိုရာ နေရာတွင်ထည့်ထားခဲ့ရာမှ ခွေးလေးမှာသေဆုံးခဲ့ရသည်။

ပြီးခဲ့တဲ့တနင်္လာနေ့ညက ဟူစတွန်မှ နယူးယော့ခ်သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တစ်ခုတွင် လိုက်ပါလာသော ခရီးသည် Maggie Gremminger ဆိုသူက အဆိုပါအဖြစ်ပျက်ကို မြင်တွေ့ခဲ့ပြီး “ဒီသားအမိကိုကူညီချင်လို့ပါ။ ယူနိုက်တက်လေကြောင်းလိုင်းက လေယာဉ်ဝန်ထမ်းကြောင့် သူတို့ခွေးလေးကို ဆုံးရှုံးလိုက်ရတယ်။ ကြေကွဲရပါတယ်” ဟု ရေးသားကာ ဓါတ်ပုံနဲ့တစ်ကွ သူမရဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

လေယာဉ်ပေါ်တွင် အိမ်မွေးတိရိစ္ဆာန်သယ်ဆောင်ရန် TSA ၏ ခွင့်ပြုချက်ရရှိထားသော လှောင်အိမ်ဖြင့် ခွေးကိုသယ်ယူခဲ့သော်လည်း လေယာဉ်ပေါ်တွင် အမှုထမ်းက မရမကအတင်းပြောဆိုခဲ့သဖြင့် ခွေးကို လှောင်အိမ်ထဲကနေ ပစ္စည်းထည့်တဲ့ ပုံးထဲထည့်ထားခဲ့ရသည်။

လေယယဉ်ခရီးစဉ်တစ်လျှောက် ပုံးထဲမှ ခွေးဟောင်သံကိုကြားခဲ့ပေမယ့် လုံးဝစစ်ဆေးခြင်းမရှိပဲ နောက်ဆုံး လေယာဉ်ဆိုက်တဲ့အချိန်မှာ ခွေးကအသက်ရှု မွန်းကြပ်ကာ သေဆုံးနေပြီဖြစ်သည်။
မြက်မြင်သက်သေတစ်ဦးဖြစ်သည့် June Lara က “လေယာဉ်ဆိုက်တဲ့အချိန်မှာ ခွေးဆီကနေ ဘာသံမှမကြားတော့ဘူး၊ သူ့သခင်က သူ့နာမည်ခေါ်တာကြောင် ပြန်မထူးတော့လို့ ပိုင်ရှင်ဖြစ်တဲ့ အမျိုးသမီးက သတိပြန်လည်လာအောင် ပြုစုပေမယ့် သေသွားတယ်၊ ခွေက ၁၀ လသားပဲရှိပါသေးတယ်” ဟု ဖေ့စ်ဘွခ်မှာ ရေးသားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ရေးသားမှုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ယူနိုက်တက်လေကြောင်းလိုင်းကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ယူနိုက်တက်လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက “ဒီလိုကြေကွဲစရာအဖြစ်ပျက်မျိုး ကျွန်တော်တို့ လေကြောင်းလိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး၊ တိရီစ္ဆာန်တွေကို ပစ္စည်းထည့်တဲ့ ပုံးထဲမှာ ထည့်ထားတယ်ဆိုတာလဲ မဖြစ်သင့်ပါဘူး။ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ထိခိုက်နစ်နာရတဲ့ မိသားစုတွေအတွက် စိတ်မကောင်းရသလို အပြည့်အဝတာဝန်ယူပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားပါတယ်၊ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်အောင်လဲ တားဆီးသွားပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်လေကြောင်းလိုင်းရဲ့ ဝဘ်ဆိုက်မှာတော့ လေယာဉ်ပေါ်ကို တိရိစ္ဆာန်သယ်ယူမှုနဲ့ပက်သက်၍ တိရိစ္ဆာန်တွေကို ခွင့်ပြုချက်ရထားပြီးတဲ့ လှောင်အိမ် အမာစား(သို့)အပျော့စားနဲ့ သယ်ယူရမှာဖြစ်ပြီး လှောင်အိမ်ဟာလည်း ခရီးသည်ရဲ့ ထိုင်ခုံအောက်မှာ ထားနိုင်တဲ့ အရွယ်အစားဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

 



Follow us on