1. Home
  2. International News

သိပ္ပံပညာရှင်ကြီး စတက်ဖန်ဟော့ခ်ကင်း အသက် ၇၆ တွင် ကွယ်လွန်

International News มี.ค. 14, 2561 view 1,795

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရလောက်အောင် ထူးချွန်တဲ့ သိပ္ပံပညာရှင်ကြီး စတက်ဖန်ဟော့ခ်ကင်း (Stephen Hawking) အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း သူ၏မိသားစုများထံမှ ယနေ့နံနက်စောစောပိုင်းမှ သိရှိရသည်။

ကျွန်တော်တို့ရဲ့ဖခင်ကြီး ဒီနေ့မနက်မှာ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် အရမ်းကို ယူကြုံးမရဖြစ်ရပါတယ်” ဟု သူ့ရဲ့ သားသမီးတွေဖြစ်တဲ့ Lucy, Robert နဲ့ Tim တို့က ကြေညာချက်မှ ထည့်သွင်း ဖော်ပြခဲ့ပါတယ်

Hawking က ကမ္ဘာအနှံ့အပြားရှိ ရူပဗေဒဆိုင်ရာကိစ္စများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အာရုံကြောဝေဒနာနဲ့ ဘဝတစ်လျှောက်လုံး လက်တွန်းလှည်းပေါ်တွင် နေထိုင်ခဲ့ရသူဖြစ်သည်။
ထူးချွန်ပြောင်မြောက်ပြီး အများနဲ့မတူထူးခြားတဲ့ သူရဲ့ စွမ်းဆောင်ခဲ့မှုများကြောင့် လူကသေဆုံးသွားသည်တိုင် ကမ္ဘာကုန်ကျယ်သရွေ့ သူ့ရဲ့အမည်ကတော့ ထင်ကျန်နေမှာဖြစ်ပါတယ်။

REST IN PEACE Stephen Hawking..
 



Follow us on