1. Home
  2. International News

လူသတ်မှုအတွက် ခေါင်းဖြတ်ကွပ်မျက်မည့်ဥပဒေပြဌါန်းရန် အင်ဒိုနီးရှား အေဇက်ပြည်နယ်တွင် စဉ်းစားနေ

International News มี.ค. 15, 2561 view 1,581

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော အေဇက်(Aceh) တွင် လူသတ်မှုပြစ်ဒဏ်အတွက် ခေါင်းဖြတ်ကွပ်မျက်နိုင်မည့် ဥပဒေတစ်ခုရေးဆွဲရန် စဉ်းစားစီစဉ်နေပြီဖြစ်သဖြင့် နိုင်ငံအတွင်းမှာ ရှေးရိုးစွဲအစ္စလာမ်ဘာသာရဲ့ အကြောက်တရားက ပိုမိုပျံ့နှံ့နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းရှိ အေဇက်ပြည်နယ်သည် အစ္စလာမ်ဘာသာ တရားဥပဒေဖြင့် စီရင်အုပ်ချုပ်ပိုင်ခွင့်ရရှိထားသော ဒေသဖြစ်ပြီး မကြာခဏဆိုသလို လိင်တူစိတ်ဝင်စားသူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများနဲ့ လောင်းကစားလုပ်သူများကို အများပြည်သူရဲ့ ရှေ့မှောက်မှာ ကြိမ်နဲ့ရိုက်ပြီး အပြစ်ပေးတာတွေ မကြာခဏတွေ့ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အေဇက်ပြည်နယ်ရဲ့ အစ္စလာမ်ဘာသာ တရားဥပဒေနဲ့ လူ့အခွင့်အရေးဌါန၏ အကြီးအကဲဖြစ်သူ Syukri M Yusuf က ပြည်နယ်အစိုးရအနေနဲ့ ခေါင်းဖြတ်သတ် အပြစ်ပေးခြင်းက အစ္စလာမ်ဘာသာ တရားဥပဒေနဲ့ စီလျော်မှုရှိရဲလားဆိုတာရယ်၊ ပြည်သူတွေရဲ့ သဘောထားတွေကိုပါ သုတေသနလုပ်ဖို့ ညွှန်ကြားထားပြီးပါပြီလို့ ဆိုပါတယ်။

“ခေါင်းဖြတ်ကွပ်မျက်တာက အစ္စလာမ်ဘာသာရေး ဥပဒေရဲ့ ဘောင်ထဲမှာပဲရှိပါတယ် ဒါပေမယ့် အဟန့်အတားလေးတွေတော့ ရှိလာမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တင်းကြပ်တဲ့ ဥပဒေရှိမှသာ လူတွေရဲ့အသက်တွေကို ကယ်တင်နိုင်မှာပါ။ စနစ်တစ်ကျလေ့လာသုံးသပ်မှုတွေ လုပ်ပြီးတဲ့အခါ ဥပဒေကြမ်းကို ရေးဆွဲပါမယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့တဲ့လက အေဇက်ရဲ့ တရားရုံးကနေ မွတ်စလင်ဘာသာဝင်မဟုတ်သူ စုံတွဲတစ်တွဲအား လောင်းကစားလုပ်မှုဖြင့် ကြိမ်ဒဏ်ချမှတ်ခဲ့သလို လက်မထပ်ရသေးတဲ့ စုံတွဲတစ်တွဲအား နီးနီးကပ်ကပ်နေလွန်းသည်ဟူသော စွဲချက်ဖြင့် ကြိမ်ဒဏ်အပြစ်ပေးခဲ့သည်။

Mr Yusuf အနေနဲ့ အစ္စလာမ်ဘာသာရေး ဥပဒေကသာ ရာဇဝတ်မှုတွေကို လျှော့ချနိုင်ပြီး အထူးသဖြင့် လူသတ်မှုတွေ လျော့နည်းပပျောက်သွားမယ်လို့ ခံယူနေပါတယ်၊ ဒါကြောင့် လူသတ်မှုအတွက် ဘာနဲ့မှ ခုခံကာကွယ်လို့မရဘူးဆိုတာ လူတွေရဲ့ အတွေးထဲထည့်ပေးဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လူသတ်မှု ဒါမှမဟုတ် မူးယစ်ဆေးဝါးမှောင်ခိုမှုတွေအတွက် သေဒဏ်အပြစ်ပေးရန် ဥပဒေပြဌါန်းထားပြီးဖြစ်သည်။



Follow us on