1. Home
  2. International News

ပြန်ပေးဆွဲခံ ကျောင်းသူ ၁၀၁ ဦး အကြမ်းဖက်သမားများထံမှ ပြန်လည်လွတ်မြောက်

International News มี.ค. 22, 2561 view 1,588

နိုက်ဂျီးရီးယားနိုင်ငံမှ ကျောင်းသူ မိန်းကလေး ၁၁၀ ဦးနီးပါးကို နိုက်ဂျီးရီးယား အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ “ဘိုကိုဟာရမ်” အကြမ်းဖက်သမားများ ပြန်ပေးဆွဲခဲ့ရာ ၁၀၁ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး မိသာစုများထံ ပြန်ရောက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

ပြန်ပေးဆွဲခံရသူ၏ ဖခင်ဖြစ်သူ ငိုကြွေးနေစဉ်

နောက်ထပ်သတင်းတစ်ခုမှာတော့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူလေးတွေဟာ သမ္မတ မူဟန်မာဒူဘူဟာရီ နဲ့ တွေ့ဖို့ မြို့တော် အဘူဂျာကို လေယာဉ်နဲ့ ထွက်သွားတယ်လို့ သိရှိရပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ ယခုလိုပြန်ပြေးဆွဲခံရတဲ့အထဲမှာ ကျောင်းသူ ၅ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌါနတွေက ယူဆထားပါတယ်။

လွတ်မြောက်လာတဲ့ ကျောင်းသူမိန်းကလေး၏ အဆိုအရ အကြမ်းဖက်သမားတွေ ဝင်လာစဉ်မှာ ကားနဲ့တိုက်ခံရပြီး ကျောင်းသူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူနဲ့အခြားကလေးတွေကို ခြုံပုတ်တွေထဲက အလုံပိတ်နေရာမှာ ဖမ်းထားခဲ့တယ်လို့ဆိုပါတယ်။ အစားအသောက်ကိုလည်း သူတို့ဟာသူတို့ပဲ ချက်စားခဲ့ရပါတယ်။

ကလေးများပြန်လည်လွတ်မြောက်လာသဖြင့် ပျော်ရွှင်နေကြပုံ


အစိုးအရအနေနဲ့ သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို တစ်စုံတစ်ရာဖော်ပြခြင်းမရှိပါဘူး။ ပြန်ပေးဆွဲခံကလေး၏ မိဘတစ်ဦးအဆိုအရ ဖေဖော်ဝါရီ ၁၉ ရက်နေ့ စောစောပိုင်းမှာ မြို့ထဲကို ကားတွေနဲ့မောင်းဝင်လာကြပြီး မိန်းကလေးတွေအားလုံးကို စုရုံးပြီး ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ “ဘိုကိုဟာရမ်”

အာဏာပိုင်တွေက ပြန်ပေး​ငွေကို ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။ နိုက်ဂျီးရီးယာဟာ အခုလို ပြန်ပေးဆွဲခံရမှုမျိုးကို ၂၀၁၄ ခုနှစ်က ကြုံခဲ့ရပြီး အဲဒီတုန်းက မိန်းကလေး ၂၇၆ ယောက်ကို ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မိန်းကလေးပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။



Follow us on