1. Home
  2. International News

အမျိုးသားလုံခြုံရေးအကြံပေးအရာရှိနေရာတွင် ဂျွန်ဘော်လ်တွန် အစားထိုးနေရာယူမည်

International News มี.ค. 23, 2561 view 1,513

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအဖြစ် ဆောင်ရွက်နေသော မက်မာစတာက ကြာသပတေးနေ့က နှုတ်ထွက်စာတင်ခဲ့ပါတယ်။ သူ့ရဲ့နေရာမှာတော့ ယူနိုက်တက်နေးရှင်းရဲ့ အမေရိကန်သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်ဘော်လ်တွန် က အစားထိုးနေရာယူဆောင်ရွက်မှာဖြစ်ပါတယ်။

MC Master


“၃၄ နှစ်တာကာလ နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်ခဲ့ပြီးနောက် လာမယ့်နွေရာသီကစပြီး အမေရိကန်တပ်မတော်က အနားယူခွင့်တောင်းထားပြီးဖြစ်ပါတယ်” လို့ မက်မာစတာက ပြောကြားခဲ့ပါတယ်။ နယူးယောက်ခ်တိုင်းမ်သတင်းအရ မက်မာစတာ အနားယူဖို့ကိစ္စကို သမ္မတဒေါ်နယ်ထရမ့်နဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်ထဲက ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

John R. Bolton


မက်မာစတာ နိုင်ငံတော်တာဝန်ကနေ အနားယူတာနဲ့ပက်သက်ပြီး ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာအကောင့်ပေါ်ကနေ တရားဝင်ကြေငြာခဲ့ပါတယ်။


 



Follow us on