1. Home
  2. International News

YouTube ရုံးချုပ်ကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု အဖြစ်မှန်

International News เม.ย. 05, 2561 view 1,501

ဧပြီလ ၃ ရက် အင်္ဂါနေ့က ကယ်လီဖိုးနီးယားပြည်နယ်ရှိ YouTube ဌါနချုပ်ဝင်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ Nasim Najafi Aghdam ဆိုသူ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး တိရိစ္ဆာန်အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည်။

အများသူငါ သွားလာနေသော နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် Nasim Aghdam က သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့သည်။ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေနတ်ဒဏ်ရာများရရှိခဲ့သော်လည်း အသေအပျောက် မရှိသေးကြောင်း သိရှိရသည်။

Nasim Aghdam ဟာ YouTube အပါအဝင် လူမှုကွန်ယက်များဖြစ်တဲ့ Instagram, Facebook နဲ့ DailyMotion တို့ကို အသုံးပြုကာ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားမှုများ၊ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ သက်ဆိုင်သော အကြောင်းအရာတွေကို လွပ်လွပ်လပ်လပ် ပြောဆိုရေးသားနေသူတစ်ဦးလည်းဖြစ်သည်။

YouTube ပေါ်တွင် သူမပြောဆိုထားသော ဗီဒီယိုများကို YouTube အနေနဲ့ အကျိုးအမြတ်တစ်စုံတရာ မရရှိအောင် ပစ်ပယ်ထားကြောင်း သူမသိရှိခဲ့ပြီးနောက် YouTube ကို အမုန်းကြီးမုန်းနေခဲ့သူဖြစ်သည်။
သူမရဲ့ YouTube ချန်နယ် အခြေပြဇယားကို ဓါတ်ပုံရိုက်ကာ သူမအတွက် ဝင်ငွေမရနိုင်အောင် ပြုလုပ်ထားကြောင်း သူမရဲ့ ကိုယ်ပိုင် ဝဘ်ဆိုက်တွင်လည်း ဖော်ပြခဲ့သည်။ အဲဒီအချိန်ကစပြီး အမေရိကန်ဟာ အရှေ့အလယ်ပိုင်းထက်တောင် လွပ်လပ်မှုဘောင်ကျဉ်းကြောင်း ပြောဆိုမှုတွေ စတင်ပြုလုပ်လာခဲ့သည်။

Nasim Aghdam ဟာ သူမဆယ်ကျော်သက်အရွယ်၊ ၁၉၉၆ ခုနှစ်မှာ အီရန်ကနေ အမေရိကန်ကို မိသားစုနဲ့အတူ ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး မူဆလင်ဘာသာဝင်လည်း မဟုတ်ပါဘူး။
သူမရဲ့ ဝဘ်ဆိုက်မှာ ဘာသာရေးနဲ့ ပက်သက်ပြီး ပြောဆိုတာတွေမရှိပေမယ့် ပတ်ဝန်းကျင်ရဲ့ ဆက်ဆံရေးတွေ တိရိစ္ဆာန်အခွင့်အရေးနဲ့ပက်သက်ပြီး တိရိစ္ဆာန်အသားအရေနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကို ဆန့်ကျင်ဖို့တွေသာ ပြောဆိုရေးသားခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့ ဗီဒီယိုတွေအတွက် YouTube က ဝင်ငွေမရအောင် လုပ်ထားတဲ့အခါမှာတော့ YouTube ကို မမျှတဘူးဟု သတ်မှတ်ကာ အမုန်းကြီးမုန်းခဲ့ပါတယ်။
YouTube ဌါနချုပ် တိုက်ခိုက်မှုမဖြစ်ခင်တစ်ရက်အလိုက Nasim Aghdam ဟာ San Diego နေအိမ်ကနေ ပျောက်သွားခဲ့တဲ့အတွက် သူ့မိဘတွေ ရဲကို တိုင်ကြားထားခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ YouTube ရုံးချုပ် ပစ်ခတ်မှုနဲ့အတူ သမီးဖြစ်သူက အဆုံးစီရင်ခဲ့တာကို မိဘတွေ အံ့သြထိတ်လန့်စွာ ကြားသိခဲ့ရပါတယ်။
ဖြစ်စဉ်နဲ့ ပက်သက်ပြီး Google နဲ့ YouTube တာဝန်ရှိသူများက များစွာစိတ်မကောင်းဖြစ်မိပါကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့ကြသည်။
ရဲတွေအနေနဲ့ ယခုလိုပစ်ခတ်တိုက်ခိုက်မှု အကြောင်းရင်းကို ဆက်လက်စုံစမ်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


 



Follow us on