1. Home
  2. International News

ပရိသတ်ရဲ့ဆန္ဒကို ငြင်းမိလို့ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အဆိုတော်

International News เม.ย. 19, 2561 view 1,675

ဧပြီလ ၁၁ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကန်ဂါရွာက ပွဲဈေးတန်းမှာ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်ထားသည့် အဆိုတော်တစ်ဦးအား ပွဲကြည့်သူတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။


ဆမီနာဆင်ဒူလို့ လူသိများတဲ့ အဆိုတော်ဟာ သေဆုံးချိန်မှာ ကိုယ်ဝန် ၆ လလွယ်ထားရသူဖြစ်ပါတယ်။ ဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားချက်အရ သူမဟာ သီဆိုဖျော်ဖြေစဉ်မှာ ပွဲခင်းထဲက ရှေးဆုံးတန်းမှာ ထိုင်ကြည့်နေတဲ့လူတစ်ဦးက သူမကို သီချင်းဆိုရင်း ကပြရန် တောင်းဆိုခဲ့ပါတယ်။


ကိုယ်ဝန်ဆောင်ထားသူမို့ အဆိုပါပရိသတ်ရဲ့ တောင်းဆိုမှုကို မလွှဲမရှောင်သာ ငြင်းပယ်လိုက်မိပါတယ်။ ဒါကို မကျေမနပ်​ဖြစ်ကာ မူးမူးရူးရူးနဲ့ ပွဲခင်းထဲမှာပင် သေနတ်နဲ့ ပစ်သတ်လိုက်တာဖြစ်ပါတယ်။
ဆေးရုံသို့ အမြန်ပို့ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခဲ့သူကို ရဲအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့တဲ့အခါမှာတော့ သူ့အနေနဲ့ မိုးပေါ်ထောင်ပစ်လိုက်တာဖြစ်ပြီး ကျည်ဆံလွဲချော်ကာ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။


 



Follow us on