1. Home
  2. International News

သမ္မတဖြစ်ဖို့အလားအလာရှိသူ လာဘ်စားမှုနဲ့ ထောင်ဒဏ်တစ်သက်ကျ

International News พ.ค. 09, 2561 view 1,495

တရုပ်နိုင်ငံရဲ့ နောက်တက်လာမယ့် သမ္မတအဖြစ် ထင်ကြေးပေးခံထားရပြီး ဂုဏ်သိက္ခာ သြဇာကြီ:မားတဲ့ နိုင်ငံရေးသမားကြီး Sun Zhengcai ကို လာဘ်စားမှုနဲ့ ထောင်ဒဏ် တစ်သက်ကျခံရန် ပြစ်ဒစ်ချမှတ်လိုက်ပါတယ်။

Sun Zhengcai ဟာ တရုပ်နိုင်ငံရေးလောကမှာ ထိပ်တန်းက နေရာယူထားခဲ့သူတစ်ဦးဖြစ်ပြီး အားလုံးကလည်း သူ့ကို တရုပ်နိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင် သမ္မတတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရသူလည်းဖြစ်ပါတယ်။

Sun ဟာ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲတွေရဲ့ မျက်နှာသာပေး သဘောကျနှစ်ခြိုက်မှုကို ရခဲ့ဘူးသူလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လက်ရှိသမ္မတ Xi အာဏာရလာပြီးနောက် လာဘ်ပေးလာဘ်ယူပပျောက်ရေး လုပ်ဆောင်ချက်တွေကို အာရုံစိုက်ပြီးလုပ်ဆောင်လာပါတယ်။ ၅ နှစ်အတွင်းမှာ အရာရှိကြီးတွေရဲ့ လာဘ်ပေးလာဘ်ယူမှုပေါင်း ၁.၅ သန်းကျော်ကို အရေးယူအပြစ်ပေးခဲ့ပြီးဖြစ်ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ Sun Zhengcai ကိုတော့ မြောက်ပိုင်းဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ တိုင်ဂျင်းတရားရုံက အကျင့်ပျက်ခြစားပျက်ဆီးမှုနဲ့ မေလ ၈ ရက်နေ့က ထောင်ဒဏ်တစ်သက် ကျခံရန် အမိန်းချမှတ်ခဲ့ပါတယ်။
Sun Zhengcai ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ထိ ယွမ်ငွေ သန်း ၁၇၀ ကျော် (ဒေါ်လာ ၂၇ သန်းကျော်) လ်ာစားခဲ့တယ်လို့ စုံစမ်းတွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။
 



Follow us on