1. Home
  2. International News

ဂျပန်ဝန်ကြီးချုပ်အတွက် အချိုပွဲကို အစ္စရေးက ရှုးဖိနပ်ထဲထည့်ပြီး တည်ခင်းဧည့်ခံ

International News พ.ค. 11, 2561 view 1,521

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe နဲ့ ဇနီးကို တည်ခင်းဧည့်ခံတဲ့ ထမင်းစားပွဲမှာ အချိုပွဲကို ရှုးဖိနပ်ထဲထည့်ပြီး ကျွေးမွေးခဲ့တဲ့အတွက် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။


ဂျပန်ဝန်ကြီးချုပ် အရှေ့အလယ်ပိုင်းနိုင်ငံများကို သွားရောက်တဲ့ ခရီးစဉ်မှာ အစ္စရေးနိုင်ငံက ပထမဦးဆုံး ဝင်ရောက်တဲ့နိုင်ငံဖြစ်ပါတယ်။
အဆိုပါအချိုပွဲကို အစ္စရေးနိုင်ငံက နာမည်ကျော် စားဖိုမှူး Segev Moshe က စီစဉ်ပေးခဲ့တာဖြစ်ပြီး ရှုးဖိနပ်ကို နာမည်ကျော်အနုပညာရှင် Tom Dixon က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။


ဒီလိုပြင်ဆင်ဧည့်ခံတဲ့ ပုံစံက အရမ်းကို ဉာဏ်နည်းလွန်းပြီး ရွံစရာကောင်းလိုက်တာ” လို့ ဂျပန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အကြီးတန်းသံတမန်ဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဂျပန်ယဉ်ကျေးမှုအရဆိုရင် ဖိနပ်လောက် စက်ဆုပ်ရွံရှာစရာကောင်းတာမရှိဘူး။ အခုလုပ်ရပ်ဟာ ဘာနဲ့တူလဲဆိုတော့ ဂျူးလူမျိုးတစ်ယောက်ကို ဝက်ပုံစံပန်ကန်ထဲမှာ ချောကလက်ထည့်ကျွေးတာနဲ့ တူတယ်” လို့ သူက ထပ်မံဖြည့်ပြောခဲ့ပါတယ်။

သူတို့အနေနဲ့ အပျော်သဘောပဲဖြစ်ဖြစ် အခုလို ခုပ်လိုက်တာက ဝန်ကြီးချုပ်ကို စော်ကားလိုက်တာပဲလို့ ဆိုပါတယ်။ ဒီသတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အချိုပွဲကို စီစဉ်ပေးခဲ့တဲ့ Segev Moshe ရဲ့ အင်စတာဂရမ်မှာ ဝိုင်းဝန်းဝေဖန်ထိုးနှက်မှုတွေ ခံခဲ့ရပါတယ်။



Follow us on