ဆေးရုံတစ်ခုလုံး သွေးညှီနံ့တွေဟောင်နေပြီး၊ လူနာကုတင်တွေမှာလည်း နေရာလပ်မရှိတော့အောင် ပြည့်ကြပ်နေပါတယ်။
တနင်္လာနေ့(မနေ့က) အစ္စရေးနဲ့ ပါလက်စတိုင်းနယ်စပ် ဂါဇာမှာ ဆန္ဒပြသူများကို အစ္စရေးစစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ က ဂျေရုစလင်မှာ အမေရိကန်သံရုံးအသစ်တစ်ခု ဖွင့်လှစ်ခဲ့တာကို ကန့်ကွက်ကြရာမှ အဓိကရုန်းဖြစ်စဉ်ဟာ ကြီးမားသွားတာဖြစ်ပါတယ်။
အစ္စရေးစနိုက်ပါ လက်ဖြောင့်တပ်သားတွေက ဆူပူသောင်းကြမ်းသူတွေကို ချိန်ရွယ်ပစ်ခတ်ခဲ့သလို စစ်သားတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာဖုံးထားတဲ့ စတီးကျည်ဆံတွေအပြင် မီးလောင်ဗုံးတွေအသုံးပြုပြီး လူ ၄၀,၀၀၀ ခန့် ဆူပူအုံကြွနေတဲ့ လူအုပ်ကြီးထဲကို ကျည်ဆံမိုးတွေ ရွာချသလို ဖြိုခွင်းခဲ့ပါတယ်။
ဆေးရုံတွေမှာ သွေးလိုအပ်ချက်များစွာရှိနေပြီး သေဆုံးတဲ့သူတွေ တိုးလာတယ်လို့ ဆေးရုံတွေက ပြောဆိုခဲ့ပါတယ်။ “ဆေးရုံတစ်ခုလုံး သွေးညှီနံ့တွေ၊ သွေးတွေနေရာတိုင်းမှာ မြင်လို့တောင်မကောင်းဘူး” ဟု သတင်းထောက် မာရမ်ဟူမိတ် က ဂါဇာမြောက်ပိုင်းမှာ တည်ရှိတဲ့ အင်ဒိုနီးရှားဆေးရုံကနေ သတင်းပေးပို့ထားပါတယ်။