
ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်သူတွေက အင်္ဂါနေ့ (မေလ ၂၂ ရက်)ဒီနေ့မှာပဲ ဘန်ကောက်မြို့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ စစ်အစိုးရအနေနဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်ပေးဖို့ တောင်းဆိုရန် မြို့တော်ရဲ့ သမားဆတ်တက္ကသိုလ်ကနေ အစိုးရအိမ်တော်ထိ ချီတက်ပြီတောင်းဆိုကြပါတယ်။

ထိုင်းရဲအဖွဲ့က အစိုးရအိမ်တော်နဲ့ အနီးနားကလမ်းအချို့ကို မဝင်ရနယ်မြေအဖြစ် ယာယီပိတ်ဆို့မှဒတွေလုပ်ထားကြောင်း ကြေညာခဲ့ပါတယ်။ တက္ကသိုလ်အနီးမှာလဲ ပိတ်ဆို့ကာရံမှုတွေပြုလုပ်ထားပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒါကြောင့်မို့ ဆန္ဒပြသူတွေအနေနဲ့ စုရုံးဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြအဖွဲ့တစ်ဖွဲ့က စီစဉ်သူတစ်ယောက်ဖြစ်တဲ့ ဆီရာဝတ် ဆာရတီဝပ် ဆိုသူက သူတို့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ထားတာဖြစ်ကြောင်း ပြောဆိုပါတယ်။
“ရဲတွေက ငါတို့ကို သွားခွင့်ပြေုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီနေ့ဆန္ဒထုတ်ဖော်မှုကို အကြာကြီးလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သူတို့က ငါတို့ကို ဆူပူကြမယ်ထင်ပြီးတားနေကြတာပါ၊ ငါတို့ဆူပူသောင်းကျန်းမှာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။
ဆန္ဒပြသူ ၁၀၀ ခန့် မနက်ထဲက စုရုံးရောက်နေကြပြီး နောက်ထပ်လူတွေလဲ တဖွဲဖွဲရောက်လာကြတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

တက်ကြွလှဒပ်ရှားသူနှစ်ဦးကို အဆက်အသွယ်မရနိုင်တဲ့ လုံခြုံတဲ့နေရာတစ်ခုမှာ ထိန်းသိမ်းခံထားရတယ်လို့ နယူးယောက်အခြေစိုက် လူအခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဆယနီယာဖဆတ်ခ် က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မေ ၂၂ ရက်ထဲက ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပြီး ရွေးကောက်ပွဲလုပ်ပေးဖို့ နှောင့်နှေးနေတဲ့အပေါ် မကျေမနပ်ဖြစ်ကြတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရွေးကောက်ပွဲ လုပ်ပေးတာပဲလိုချင်တယ်၊ သူတို့ ပြောထားတဲ့အတိုင်းဆိုင်ရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက ရွေးကောက်ပွဲလုပ်ရမှာ” လို့ အသက် ၃၀ အရွယ် Anuthee Dejthevaporn က ဆိုပါတယ်။

comment