1. Home
  2. International News

မလေးရှားနိုင်ငံ၏ တစ်ကျော့ပြန်ပဲ့ကိုင်ရှင် မဟာသီယာကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်ရန် ဝန်းရံ

International News มิ.ย. 01, 2561 view 1,645

မလေးရှားနိုင်ငံရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ “မဟာသီယာမိုဟာမက်” အနိုင်ရရှိခဲ့ပြီးနောက် မလေးရှားနိုင်ငံသားတွေ အတွက် စိတ်လှုပ်ရှားစရာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဟာ ဒေါက်တာမဟာသီယာမိုဟာမက် နဲ့သာ အသင့်တော်ဆုံး ဖြစ်တယ်ဆိုပြီး အွန်လိုင်းမှာ လူစုကာ သဘောတူညီချက် လက်မှတ်ဝိုင်းထိုးပြီး ဆုချီးမြှင့်ရေးအဖွဲ့ထံ တင်ပြဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

“Alexandria Abishegam” ဆိုသူ အမျိုးသမီးက မဟာသီယာကို မလေးရှားနိုင်ငံရဲ့ နယ်လ်ဆင်မန်ဒဲလား အဖြစ်တင်စားလိုက်ပြီး နိုဘယ်လ်ဆုနဲ့ ထိုက်တန်ပါတယ်လို့ လှုံ့ဆော်ခဲ့ပြီး သဘောတူလက်မှတ်ထိုးကြတဲ့ပွဲကို အွန်လိုင်းမှာ စတင်ခဲ့ပါတယ်။
သူမက မဟာသီယာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်ရတဲ့ အချက်တွေကိုလည်း ဖော်ပြထားပါသေးတယ်။


လူပေါင်း ၂၀၀,၀၀၀ လောက် နိုဘယ်လ်ဆုနဲ့ ထိုက်တန်ကြောင်း လက်မှတ်ထိုးကြလိမ့်မယ်လို့ မျှော်လင့်ထားပြီး လက်ရှိအခြေအနေမှာတော့ ၁၅၀,၀၀၀ ကျော် ပါဝင်သဘောတူ လက်မှတ်ထိုးထားကြောင်း သိရှိရသည်။

လက်မှတ်ရေးထိုးကြသူတွေက မဟာသီယာကို သူရဲကောင်းတစ်ဦးအဖြစ်၊ သူ့ရဲ့အသက်အရွယ်နဲ့ မမျှအောင် တိုင်းပြည်အကျိုး မမောနိုင်မပမ်းနိုင် ထမ်းရွက်သူလို့ ချီးကျူးထားကြပါတယ်။
 



Follow us on