1. Home
  2. International News

မက္ကစီကိုတွင် ဟာရီကိန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်

International News มิ.ย. 13, 2561 view 1,532

မက္ကစီကိုနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး အပူပိုင်းမုန်တိုင်းမှ ဟာရီကိန်းအသွင်ပြောင်းလဲမှုကြောင့် Michoacán, Jalisco, Colima နဲ့ Guerrero
ပြည်နယ်များတွင် တနင်္ဂနွေနေ့က အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

မိုးရေချိန် ၆၅ မီလီမီတာ ရွာသွန်းခဲ့မှုကြောင့် Guadalajara မြို့ရှိ လမ်းမများ၊ အိမ်များ၊ စီးပွားရေးအဆောက်အအုံများ ရေလွှမ်းခဲ့ပြီး လမ်းပေါ်မှ ကားများ ရေနုတ်မြောင်းကြီးများဆီသို့ ရေစီးထဲမျောပါခဲ့သည်အထိ ဆိုးရွားခဲ့သည်။

ထို့ပြင် ရထားလှိုဏ်ခေါင်းများ ရေအပြည့်ဖုံးခဲ့ပြီး ရထားများ ရေအောက်မှာ ၃ မီတာ၊ ၄ မီတာခန့်ထိ နစ်မြုတ်နေခဲ့သည်ထိ ဖြစ်ခဲ့သည်။

ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်အတွင်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မြို့တော်ဝန် Aristóteles Sandoval က ထုတ်ပြန်ကြေညာခဲ့သည်။


ဇွန်လ ၁၁ ရက်နေ့မှာတော့ ဟာရီကိန်းမုန်တိုင်းဟာ အင်အားပြင်းအဆင့် ၂ သို့ပြောင်းလဲခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်မှာ Manzanillo မြို့ အနောက်တောင်ဘက်နဲ့ Cabo Corriente မြို့နဲ့ ကီလိုမီတာ ၃၄၀ အကွာတွင် တစ်နာရီကို ကီလိုမီတာ ၁၆၅ နှုန်းနဲ့ လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင်ဖော်ပြပါရှိသည်။



Follow us on