1. Home
  2. International News

အပျော်လွန်ပြီး ပလပ်ကျွတ်ခဲ့တဲ့ အင်္ဂလန်ပရိသတ်များ

International News มิ.ย. 19, 2561 view 1,601

ဇွန်လ ၁၈ ရက် မနေ့က အင်္ဂလန်နဲ့ တူနီးရှား ကမ္ဘာ့ဖလားပွဲစဉ်အပြီး အင်္ဂလန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ ရာနဲ့ချီတဲ့ အင်္ဂလန်ပရိသတ်တွေက မထိမ်းနိုင်မသိမ်းနိုင်အောင် လမ်းမတွေပေါ်မှာပါ အပျော်လွန်ခဲ့ကြပါတယ်။

ပျော်တာကို မထိန်းနိုင်ပဲ လမ်းမပေါ်မောင်းလာတဲ့ ကားရှေ့စက်ဖုံးတွေပေါ်ထိ ခုန်တက်ပြီး အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။ ကားပိုင်ရှင်က ကားကို အမြန်မောင်းပြီးနောက် ရုတ်တရက်ဘရိတ်အုပ်လိုက်တဲ့အတွက် လူတစ်ယောက် လမ်းမပေါ် လွင့်ကျသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။


ဒါတောင် အင်္ဂလန်က တူနီးရှားအသင်းကို နိုင်ရုံလေးပဲရှိပါသေးတယ် ကမ္ဘာ့ဖလားသာ အင်္ဂလန်ရသွားရင်တော့ ဘယ်လောက်တွေတောင် ပျော်ကြဦးမလဲဆိုတာ မတွေ့ဝံ့ပါဘူး။

အင်္ဂလန်ပရိသတ် ၂၀၀၀ လောက်သာ အဲဒီပွဲကို ရုရှားနိုင်ငံမှာ ကိုယ်တိုင်ကိုယ်ကျသွားအားပေးခဲ့ပြီး ကျန်တဲ့ပရိသတ်တွေတော့ အနီးနားက ဘားဆိုင်တွေမှာ စုရုံးပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။

ပွဲစပြီး ၁၁ မိနစ်လောက်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း က ပထမဆုံးဂိုးကို သွင်းယူခဲ့တာကြောင့် ပရိသတ်တွေ အော်ဟစ်ပျော်မြူးခဲ့ကြပါတယ်။ ဒါပေမယ့် ၃၅ မိနစ်မှာ တူနီးရှားဘက်က ချေပဂိုးပြန်သွင်းချိန် အင်္ဂလန်ပရိသတ်တွေ ကိုယ့်နဖူးကိုယ်ရိုက်ခဲ့အောင် စိတ်အားလျော့သွားခဲ့ပါတယ်။

ဒုတိယပိုင်း ၄၅ မိနစ်မှာ ပရိသတ်တွေ စိတ်ပူစွာနဲ့ အားပေးခဲ့ပြီး ပွဲပြီးကာနီး ၉၁ မိနစ်မှာ ဟယ်ရီကွန်းကပဲ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။



Follow us on