1. Home
  2. International News

၈ နှစ်သမီးကို အုပ်စုဖွဲ့မုဒိန်းကျင့်မှုမှ လွတ်မြောက်နေသော တရားခံပြေးအားဖမ်းဆီးရမိ

International News มิ.ย. 21, 2561 view 1,893

အသက် ၈ နှစ်အရွယ် မိန်းကလေးကို သွေးဆောင်ဖြားယောင်းကာ စိတ်ကြွဆေးပြား(မက်သာဖက်တမင်း)များ အတင်းတိုက်ပြီး အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ပြီးနောက် လမ်းမမှာ စွန့်ပစ်ခဲ့သူများထဲမှ လွတ်မြောက်နေသော နောက်ဆုံးတရားခံပြေး တစ်ဦးကို ဇွန်လ ၁၈ ရက် တနင်္လာနေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲအဖွဲ့က ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ချန်သာဘူရီခရိုင်မှာ ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။ ဂျီရာဆက်ဆူကီ၊ ချက်ထရီဟန်ချာနာ နှင့် ဆူရာချိတ်ဂျိုခမ်ဆင်း တို့သုံးဦးက အသက် ၈ နှစ်အရွယ် အိမ်နီးချင်း မိန်းကလေးကို အပြင်ထွက်ကာ အလည်လိုက်ပို့ပေးမည်ဟု သွေးဆောင်ဖြားယောင်းခဲ့သည်။

အဲဒီနောက် မိန်းကလေးကို ချက်ထရီရဲ့ အိမ်ကိုခေါ်သွားကာ စိတ်ကြွဆေးများ အတင်းတိုက်ပြီး မိန်းကလေးကို သတိလစ်မေ့မျောသွားသည်ထိ အဓ္ဓမမှုများ ဝိုင်းဝန်းကျူးလွန်ခဲ့ကြသည်။ မေ့မျောနေသော မိန်းကလေးကို ခိန်ဟန်းမျို စီရင်စုရှိ လမ်းမကြီးရဲ့ ဘေးတွင် ပစ်ထားခဲ့ကာ တိမ်းရှောင်ခဲ့ကြသည်။

ရဲများက ချက်ထရီ နဲ့ ဆူရာချိတ်တို့ နှစ်ဦးကို အစောပိုင်းထဲက ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ အသက် ၂၃ နှစ်အရွယ် တရားခံပြေး ဂျီရာဆက် ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျီရာဆက်၏ ထွက်ဆိုချက်အရ အဓ္ဓမပြုကျင့်မှုမှာ သူ မပါဝင်ခဲ့ပဲ သူငယ်ချင်းတွေက ဖုန်းဆက်​ခေါ်လို့ ချက်ထရီရဲ့ အိမ်ကို ရောက်သွားခဲ့ရာမှ သတိလစ်မေ့မျောနေသော မိန်းကလေးကို စွန့်ပစ်ပေးရန် ကူညီခြင်းခြင်းသာ ဖြစ်သည်ဟု ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေက သူ့ရဲ့ထွက်ဆိုချက်အပေါ် အယုံအကြည်မရှိပဲ အသက်မပြည့်တဲ့ ကလေးကို အဓ္ဓမကျူးလွန်မှု၊ ကာဣနြေ္ဒစော်ကားမှု၊ ဖျားယောင်းသွေးဆောင်မှု ဥပဒေများနဲ့ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 



Follow us on