1. Home
  2. International News

မျက်နှာကျက်အမိုး ပြုတ်ကျမှုကြောင့် လူ ၉ ဦးထိခိုက်ဒဏ်ရာရ

International News มิ.ย. 21, 2561 view 1,936

တရုပ်နိုင်ငံမြောက်ပိုင်း ရှန်းဇီပြည်နယ်ရှိ ခရီးသွားဧည်သည်စင်တာ အဆောက်အဦးတွင် ခရီးသွားဧည့်သည်များအပေါ်မျက်နှာကျက်အမိုး ပြိုကျခဲ့မှုကြောင့် ၉ ဦးထိခိုက်ဒဏ်ရာရှိကာ ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုလုံးကို CCTV ကင်မရာမှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ဗီဒီယိုပုံရိပ်များအရ စက်လှေကားမှ ခရီးသည် အုပ်စုတစ်စု ဆင်းလာစဉ် မျက်နှာကျက်အမိုး အချပ်လိုက်ပြိုကျခဲ့ကာ လူများအပေါ် ပိမိခဲ့သည်။ မျက်နှာကျက်အမိုး ပြိုကျလာတာကို စက်လှေကားပေါ်မှ လူအချို့က ကြည့်ပြီးဘာလုပ်လို့ ဘာကိုင်ရမှန်းမသိခင် သူတို့အပေါ်ကို ပြိုကျခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ခရီးသွားဧည်သည်စင်တာကို လတ်တလောမှာ ပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
 



Follow us on