1. Home
  2. International News

စင်ကာပူက မြန်မာအိမ်အကူ လူသတ်မှု နောက်ဆက်တွဲ

International News มิ.ย. 27, 2561 view 1,743

စင်ကာပူနိုင်ငံ ချွဲချူးကန်ရပ်ကွက်ရှိ တိုက်အမှတ် ၇၉၁ တွင် အိမ်ရှင်ဖြစ်သူ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကို အိမ်အကူဖြစ်သူက အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးကို လူသတ်မှုသံသယတရားခံအဖြစ် ရဲကဖမ်းဆီး ထားခဲ့ပြီး ဇွန်လ ၂၇ ရက်(ယနေ့)တွင် စတင်ရုံးတင် စစ်ဆေးနေပြီဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် သတင်းရယူခဲ့သော တရုပ်သတင်းဌါန ‘ရှင်မင်းဒေးလီး’ ၏ ဖော်ပြချက်အရ သေဆုံးသူ၏ လည်ပင်းနဲ့ ရင်ဘတ်တို့တွင် ထိုးသွင်းဓါးဒဏ်ရာများ တွေ့ခဲ့ကြောင်းဖော်ပြခဲ့သည်။

အဆိုပါနေအိမ်၌ သေဆုံးသူ အမျိုးသမီးကြီးအပါအဝင် (သမီး၊ သားမက်၊ မြေးမလေးနှစ်ဦး) တို့ စုစုပေါင်း ၅ ဦးတို့ အတူနေထိုင်ကြပြီး လွန်ခဲ့သော ၁၇ နှစ်ခန့်ထဲက ထိုအိမ်တွင် နေထိုင်ခဲ့ကြကြောင်း အိမ်နီးချင်းများက ပြောဆိုခဲ့သည်။

မြန်မာအိမ်အကူ မိန်းကလေးမှာ အမျိုးသမီးကြီးနဲ့ ကလေးများကို စောင့်ရှောက်ရန် လွန်ခဲ့သော ၂ လခန့်ကမှ အလုပ်စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ အခင်းဖြစ်ပွားချိန်တွင် အခန်း၌ မိသားစုများအားလုံး ရှိနေကြောင်း သိရှိရသည်။
အိမ်နီးချင်းများအား ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အတိကျကိုမူ မသိရှိရသေးကြောင်း စင်ကာပူသတင်းတွင် ဖော်ပြပါရှိသည်။



Follow us on