1. Home
  2. International News

လေယာဉ်ပြန်ပေးဆွဲခံရကြောင်းသတင်းအရ နယူးယော့ခ်လေးဆိပ်တွင် ရဲများဝိုင်းရံ

International News มิ.ย. 27, 2561 view 1,575

ပြန်ပေးဆွဲခံထားရသည်ဟု သတင်းရထားသော ဘလူးဂျက်လေကြောင်းပိုင် လေယာဉ်တစ်စီး နယူးယောက်မြို့ ကနေဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်ခဲ့ရာ ရဲများ၊ အထူးတပ်ဖွဲ့များက လေယာဉ်ကို ဝန်းရံကာ လုံခြုံရေးယူထားရသည့် အရေးပေါ်အခြေနေတစ်ရပ် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည်။

လေဆိပ်ရဲများ၊ မီးသတ်အဖွဲ့များ၊ SWAT အဖွဲဝင်များ ဝန်းရံထားပြီး လက်နက်အပြည့်အစုံနဲ့ လေယာဉ်ပေါ်သို့ချဉ်းကပ်ခဲ့ပြီးနောက် ခရီးသည်များအားလုံးကို လက်မြှောက်ထားရန် ညွှန်ကြားခံခဲ့ရပြီး လေယာဉ်ပြန်ပေးဆွဲခံထားရခြင်း ရှိမရှိ တင်းကျပ်စွာ စစ်ဆေးခဲ့တာကြောင့် ခရီးသည်များအားလုံး အထိတ်တလန့်ဖြစ်ခဲ့ရသည်။

လောစ့်အိန်းဂျလိစ်မြို့မှ ပျံသန်းလာသော ဘလူးဂျက်လေယာဉ်အမှတ် 1623 ဟာ လေကြောင်းထိန်းချုပ်ရေး စင်တာနဲ့ ရေဒီယိုအဆက်အသွယ်လုံးဝ ပျက်တောက်ခဲ့ပြီး လေယာဉ်ပြန်ပေးဆွဲခံကြောင်း သတင်းပေးပို့ချက်အရ နယူးယော့ခ်မြို့ ကနေဒီလေဆိပ်သို့ ဆင်းသက်ချိန် ရဲများက ဝန်းရံပိတ်ဆို့ထားခဲ့ခြင်ဖြစ်သည်။

လေယာဉ်မှူး၏ အဆိုအရ လေယာဉ်၏ ဆက်သွယ်ရေး ရေဒီယိုစက်ပျက်တောက်သွားခဲ့တဲ့အတွက် ကုဒ်ရိုက်တဲ့စနစ်နဲ့ မြေပြင်စခန်းကို သတင်းပေးပို့ရာမှာ မှားယွင်းပြီး လေယာဉ်ပြန်ပေးဆွဲခံရတဲ့အခါ ပို့ရမယ့်ကုဒ်ကို ပို့မိခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရဲများက လေယာဉ်အနီးချဉ်းကပ်လာစဉ် လေယာဉ်မှူးတစ်ဦးက စာရွက်တစ်ရွက်မှာ သူ့ရဲ့ဖုန်းနံပါတ်ကို ရေးသားပြီး အဖြစ်မှန်သိရှိရန် ဖုန်းခေါ်ပါဟု ထောင်ပြခဲ့သည်။ အဖြစ်မှန်ကို သိရှိခဲ့ရပေမယ့် လုံခြုံရေးအရ လေယာဉ်ပေါ်တက်ရှာဖွေစဉ် ခရီးသည်များအားလုံးကို လက်မြောက်ထားခိုင်ပြီး စစ်ဆေးခဲ့ရသည်။



Follow us on