1. Home
  2. International News

ဘုရားသခင်ကို “အသုံးမကျတဲ့သူ” လို့ ဒူးတားတေး သုံးနှုန်းလိုက်တာကြောင့် ပြည်သူများ ယမ်းပုံမီးကျဒေါသထွက်

International News มิ.ย. 27, 2561 view 1,427

ဇွန်လ ၂၂ ရက် သောကြာနေ့က ဖီလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ဘုရားသခင်အား “အသုံးမကျတဲ့သူ”(Stupid) ဟု သုံးနှုန်းကာ ထည့်သွင်းပြောကြားခဲ့တာကြောင့် ဖီလစ်ပိုင်ပြည်သူအများစု ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။

ဖီလစ်ပိုင်နိုင်ငံမှာ ၈၀%သော သူတွေက ကတ်သလစ်ဘာသာဝင်များဖြစ်ကြပြီး ထာဝရဘုရားသခင်ကို ယုံကြည်ဆည်းကပ်ကြသူများလည်းဖြစ်ကြသည်။ သမ္မတဒူတာတေးက သူ့ရဲ့မိန့်ခွန်းထဲမှာ သမ္မာကျမ်းစာထဲမှာ ပါရှိတဲ့ အာဒံနဲ့ ဧဝကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီးနောက် တစ်ဦးနဲ့တစ်ဦး သွေးဆောင်ပြီး အပြစ်သားတွေ ဖြစ်လာကြတာကို ကောက်နုတ်ကာ ပြောဆိုခဲ့သည်။

ဘယ်လိုအသုံးမကျတဲ့ ဘုရားသခင်ပါလိမ့်..? အကောင်းဆုံးဆိုတဲ့ အရာကို ဖန်ဆင်းပြီးမှ အဲဒီလုပ်ရပ်ကို ထိခိုက်အောင် ပြန်ဖျက်ဆီးတယ်” လို့ ဒူးတားတေးက ပြောခဲ့တာဖြစ်ပါတယ်။

“ကတ်သလစ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုကို လေးစားမှုမရှိပဲ ဘယ်လိုများ ဖီလစ်ပိုင်နိုင်ငံသမ္မတ ဖြစ်လာလဲ..?” ဟု ဖီလစ်ပိုင်နိုင်ငံ ကတ်သလစ်ဘုရားကျောင်းက ခေါင်းတွေက မေးခွန်းထုတ်လာကြပါတယ်။

ဒူတားတေးက သူပြောဆိုခဲ့တာတွေနဲ့ ပက်သက်ပြီး တနင်္လာနေ့က ကာကွယ်ပြောဆိုခဲ့သလို အင်္ဂါနေ့မှာတော့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စနဲ့ပက်သက်ပြီး ဖြေရှင်းဆွေးနွေးရန် လူသုံးဦးပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒူတာတေးဟာ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်တို့ကိုလည်း “မကောင်းတဲ့ဟာမရဲ့သား” လို့ ဆဲရေးတိုင်းထွာခဲ့ဖူးသူ ဖြစ်ပါတယ်။



Follow us on