1. Home
  2. International News

ဗလီရှေ့တွင် ကခဲ့သည့် အမျိုးသမီးနှစ်ဦးအား ၂၅ ရင်းဂစ်စီဒဏ်ရိုက်

International News มิ.ย. 28, 2561 view 1,561

မလေးရှားနိုင်ငံ ဆာဗားပြည်နယ်ရှိ အထင်ကရ မြို့တော်ဗလီရှေ့တွင် ကပြခဲ့သော တရုပ်အမျိုးသမီးနှစ်ဦးကို ၂၅ ရင်းဂစ် (ကျပ် ၉၀၀၀ နီးပါး) ဒဏ်ရိုက်ခဲ့သည်။

တရုပ်နိုင်ငံသူနှစ်ဦးဖြစ်တဲ့ ဝန်ဟန် (၃၇ နှစ်)၊ ကျန်းန (၂၅ နှစ်) တို့ဟာ အများနဲ့သက်ဆိုင်သည့်နေရာတွင် မသင့်တော်သည့် အပြုအမူများကို ပြုလုပ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့ ဆုံးဖြတ်ခဲ့ပြီး တစ်ဦးလျှင် ဒဏ်ငွေအဖြစ် မလေးရှားငွေ ၂၅ ရင်းဂစ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၇ ရက်ကျခံစေရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးဟာ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ မြို့တော်ဗလီရှေ့မှာ ဗီဒီယိုအရိုက်ခံရင်း ကပြနေခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဒဏ်ငွေပေးဆောင်ခဲ့ပြီးနောက် အစောင့်အရှောက်များဖြင့် ကိုတာကင်နာဘာရူး လေဆိပ်မှတစ်ဆင့် တရုပ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း မလေးရှားသတင်းတွင် ဖော်ပြပါရှိသည်။
 



Follow us on