1. Home
  2. International News

ဘင်္ဂလားဒေ့ရှိ ဘင်္ဂါလီဒုက္ခသည်များအား ဒေါ်လာသန်း ၄၈၀ ကမ္ဘာ့ဘဏ်မှကူညီမည်

International News มิ.ย. 29, 2561 view 1,500

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဘင်္ဂါလီ (သတင်းမူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်) ဒုက္ခသည်များအတွက် ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ၊ လူအဖွဲ့အစည်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ထောက်ပံ့ပေးသွားရန် ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ထောက်ပံ့ရန် ရည်ရွယ်ထားသည့် ဒေါ်လာသန်း ၄၈၀ ထဲမှ ဒေါ်လာ သန်း ၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ကျန်းမာရေးပရော့ဂျက်တွေမှာ အသုံးပြုဖို့ ကမ္ဘာဘဏ်ဘုတ်အဖွဲ့မှ အထမအသုတ်အဖြစ် အတည်ပြုပေးခဲ့ပြီဖြစ်သည်။

ကျန်မာရေးပရော့ဂျက် အထောက်အပံ့အတွက် ကမ္ဘာ့ဘဏ်နဲ့အတူ ကနေဒါနိုင်ငံတို့က ပူးပေါင်းလက်တွဲခဲ့ကြတာဖြစ်ပါတယ်။ အစီစဉ်အရ ရိုဟင်ဂျာဒုက္ခသည်များ၏ မိခင်နှင့်ကလေးစောင်ရှောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ၊ အစာအဟာရဆိုင်ရာ လုပ်ဆောင်မှုများနဲ့ မိသားစုအစီစဉ်ရေးဆွဲရေးတွေမှာ ထောက်ပံ့သွားမယ်လို့ ကမ္ဘာဘဏ်ကဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့နေရပ်ကို ဘေးရန်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့အထိ သူတို့ဘက်ကနေရပ်တည်ပြီး ကျွန်တော်တို့ ကူညီသွားပါမယ်” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ် က ကြေညာချက်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ကင်မ် နဲ့ ယူနိုက်တက်နေရှင်း စကတ်ထရီဂျန်နရယ် အန်တိုနီယိုဂတ်တားရက်စ် တို့က လာမယ့် ဂျူလိုင်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်တိုင်သွားရောက်ဖို့ အစီစဉ်ရေးဆွဲထားပြီး လာတွေထပ်ပြီး လုပ်ပေးနိုင်ဦးမလဲဆိုတာကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် - CNA
 



Follow us on