1. Home
  2. International News

လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး သေဆုံးမှုကြောင့် အရေးပေါ်ဆင်းသက်

International News มิ.ย. 29, 2561 view 1,590

စင်ကာပူနိုင်ငံမှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ပျံသန်းခဲ့သည့် ကွမ်တက်စ် လေကြောင်းလိုင်းတွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦး လေယာဉ်ပေါ်မှာ သေဆုံးခဲ့တာကြောင့် အရေးပေါ်ဆင်းသက်မှုတစ်ခု ပြုလုပ်ခဲ့ရသည်။

ဇွန်လ ၂၉ ရက် ယနေ့နံနက်အစောပိုင်းက လန်ဒန်မြို့မှ သြစတြေးလျားသို့ ထွက်ခွာလာသည့် ကွမ်တက်စ် လေကြောင်းလိုင်း QF2က စင်ကာပူနိုင်ငံမှတစ်ဆင့် ဆက်လက်ပျံသန်းစဉ် နံနက် ၂ နာရီ ၅၀ မိနစ်အချိန်ခန်တွင် လေယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာကြောင့် Adelaide လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်အမှူထမ်းများက သူတို့တတ်နိုင်သမျှ အသက်ကယ်နည်း၊ ရှေးဦးသူနာပြုစုနည်းများနဲ့ ကြိုးစားပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ခရီးသည်ဟာ သေဆုံးသွားခဲ့ကြောင်း ကွမ်တက်စ် လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

မျက်မြင်သက်သေ ခရီးသည်တစ်ဦးက နံနက် ၃ နာရီလောက်မှာ လေယာဉ်အမှူထမ်းတွေက ခရီးသည်တွေထဲမှာ ဆရာဝန်တစ်ယောက်ယောက်များ ပါလားလို့ ကြေညာခဲ့ကြကြောင်း၊ ဒီအချိန်မှာ ကျန်းမာရေးသင်တန်းတက်ထားဖူးသူ နှစ်ယောက်ထွက်လာကြပြီး အမျိုးသမီးကို အသက်ကယ်ဖို့ လုပ်ဆောင်ခဲ့ကြကြောင်း ပြောပြခဲ့သည်။

ဒါပေမယ့်ခရီးသည်ဟာ သေဆုံးခဲ့တာကြောင့် လေယာဉ်မှူးက Adelaide လေဆိပ်ကို အရေးပေါ်ဆင်သက်ခဲ့ရပါတယ်။ သေးဆုံးသူဟာ နယူးဆောက်သ်ဝေး မှ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ လေယာဉ်မှာမူ သတ်မှတ်ချိန်ထက် ၂ နာရီနောက်ကျပြီးမှ ဆစ်ဒနီလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရှိရသည်။
 



Follow us on