1. Home
  2. International News

ဘရာဇီးအသင်းကို အားပေးသူအမျိုးသမီး လည်ပင်းပြတ်ရှကာသေဆုံး

International News ก.ค. 02, 2561 view 1,617

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်မှာ ဘရာဇီးအသင်းက ဆားဗီးယားအသင်းကို အနိုင်ရသည့်အတွက် အောင်ပွဲခံသော အမျိုးသမီးတစ်ဦး ဝိုင်ခွက်ကိုင်းရင်း ချော်လဲကျရာ သေဆုံးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အသက် ၃၀ နှစ်အရွယ် ဘရားဇီးအမျိုးသမီးတစ်ဦးဟာ ဇွန်လ ၂၇ ရက်နေ့က ဆာအိုပါလိုပြည်နယ် အီတာတီဘာမြို့ရှိ သူမ၏နေအိမ်တွင် သူငယ်ချင်းများနဲ့အတူ ဝိုင်းဖွဲ့ပြီး အားပေးကြည့်ရှုခဲ့သည်။

ပွဲပြီးချိန်တွင် ဘရာဇီးအသင်းက ဆားဗီးယားကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သဖြင့် အောင်ပွဲခံရန် ဝိုင်ခွက်ကို ကိုင်မြောက်ပြီး သူမ၏ ရှေ့တွင် ရှိသော စားပွဲပေါ်သို့ ခုန်တက်ရန် ကြိုးစားစဉ် ဟန်ချက်ပျက်ပြီး ချော်လဲကျခဲ့သည်။
ချော်လဲစဉ် သူမလက်ထဲတွင် ကိုင်ထားသော ဝိုင်ခွက် ကျကွဲပြီးနောက် သူမ၏ လည်ပင်းကို ပြန်လည်ထိုးစိုက်မိကာ သွေးပြန်ကြောပေါက်ထွက်ခဲ့သည်။

သူမ၏ သူငယ်ချင်းများက မျက်နှာသုတ်ပဝါများနဲ့ သွေးတိတ်အောင် ကြိုးစားခဲ့ကြသော်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာချိန်တွင် သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်။ သူမ၏ သေဆုံးမှုကို အကွက်ဆင်ထားခြင်းရှိ၊မရှိ ရဲအဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။
 



Follow us on