1. Home
  2. International News

လှိုဏ်ဂူတွင်းပျောက်ဆုံးနေဆဲ ကလေးများအား မတွေ့မချင်းရှာမည်ဟု ပြောကြား

International News ก.ค. 02, 2561 view 1,570

ထိုင်းနိုင်ငံ မယ်ဆိုင်အတွင်းရှိ လှိုဏ်ဂူထဲကို ဝင်ရောက်ခဲ့သော ကလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြတစ်ဦးတို့ ပျောက်ဆုံးနေခဲ့တာ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့က လှိုဏ်ဂူထဲဝင်သွားခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လှိုဏ်ဂူအတွင်း ရေကြီးမှုဖြစ်ပွားကာ အဆိုပါ ဘောလုံးအဖွဲ့ ပြန်ထွက်လာခြင်းမရှိပဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

မိုးလေဝသပညာရှင်များ၏ သတိပေးချက်အရ လာမည့် ဗုဒ္ဓဟူးနေ့မှာလည်း ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှု ထပ်ဖြစ်နိုင်တယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့၏ ရှာဖွေမှုမှာ အကြီးအကျယ် အဟန့်အတားဖြစ်စေပါတယ်။

လှိုဏ်ဂူတွင်း ရေပြည့်လျှံမှုကြောင့် ပျောက်ဆုံးနေသူတွေဟာ တစ်နေရာရာမှာ သောင်တင်ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး စဉ်ဆက်မပြတ် ရှာဖွေမှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေကြပါတယ်။

ကျန်းမာရေးဌါနရဲ့ ဒါရိုက်တာဖြစ်သူ ဆွန်ဆပ်အဆစ် က သူတို့ဟာ သောက်စရာရေရှိနေရင်တော့ ရက်ပေါင်း ၃၀ ကနေ ၃၅ ရက်လောက်ထိ သူတို့အသက်ရှင် နေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာ ရေတပ်က လှိုဏ်ဂူထဲရှိ လေအနည်းငယ်သာရသော အကျဉ်းဆုံးနေရာထိ တိုးဝင်သွားခဲ့ပေမယ့် ရေတက်လာတာကြောင့် နောက်ပြန်လှည့်ခဲ့ရပါတယ်။

ရေတပ်အဖွဲ့ဟာ လှိုဏ်ဂူအတွင်းရှိ T ပုံစံလမ်းစုံကနေ နောက်ထပ် မီတာ ၂၀၀ လောက်ထိ ဂူထဲကို ဆက်သွားခဲ့ပါတယ်။ အဲဒီနေရာနဲ့ ၁.၅ ကီလိုမီတာအကွာဟာ ပတ်ထရားကမ်းခြေ ထွက်ပေါက်လှိုဏ်နေရာ ဖြစ်ပြီး ရေကြီးမှုအန္တရယ်ကင်းနိုင်တာကြောင့် အဲဒီနေရာမှာ ကလေးတွေ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာတော့ ရေတက်လာရင် စုပ်ထုတ်နိုင်ဖို့ အင်အားကောင်းတဲ့ ရေစုပ်စက်တွေ တပ်ဆင်ထားပြီးပါပြီ။ ဒါ့အပြင် လေကြောင်းကနေ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နိုင်ဖို့ ဟယ်လီကော်ပတာလည်း အသင့်ရှိနေပါတယ်။

မြေတူးစက်တောင်ထိပ်သို့ သယ်ဆောင်သွားစဉ်

အထူးရေတပ်မတော်မှ ဦးစီးမှူးဖြစ်တဲ့ အက်မီရယ်အပါခွန် က ကလေးတွေကို မတွေ့မချင်းရေတပ်က ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကလည်း ကလေးတွေပြန်တွေ့တဲ့အခါ ပြုစုကုသဖို့ အဆင်သင့်ရှိနေသလို၊ လူနာတင်ကား၊ လိုအပ်ရင် လေကြောင်းကနေ ပို့ဆောင်ဖို့ အားလုံးပြင်ဆင်ထားပါတယ်။ အနီးနားမြိုရှိ ဆေးရုံတွေမှာလည်း ခွဲစိပ်ကုသဖို့ လိုအပ်လာပါက ချက်ချင်းလလုပ်ဆောင်နိုင်ဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
 



Follow us on