1. Home
  2. International News

ဆရာဝန်နှစ်ဦး ကလေးများနဲ့အတူ လှိုဏ်ဂူထဲတွင် ၄ လကြာနေပေးသွားမည်

International News ก.ค. 04, 2561 view 1,818

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ  ထမ်လောင်းလှိုဏ်ဂူအတွင်း ကလေး ၁၂ ဦးနဲ့အတူ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ ၉ ရက်ကြာ ပိတ်မိခဲ့ပြီးနောက် ဇူလိုင်လ ၂ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။

လတ်တလောအခြေအနေအရ လှိုဏ်ဂူထဲမှ ပြန်လည်ကယ်ထုတ်လာရန် အခက်အခဲများရှိနေသဖြင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးနဲ့ အထောက်အပံ့ပစ္စည်းများကို ၄ လစာ လှိုဏ်ဂူထဲပေးပို့ရန် စီစဉ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ထိုင်းရေတပ်မတော်မှ ဆရာဝန်နှစ်ဦးကလည်း လူမှုဝန်ထမ်းကိုယ်ပိုင်အသိစိတ်ဖြင့် ကလေးများနဲ့အတူ ၄ လတာမျှ လှိုဏ်ဂူထဲသွားရောက် နေထိုင်ပေးမည်ဖြစ်သည်။

နောက်ထပ်ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကျောက်လှိုဏ်ဂူအတွင်း ရေများပြန်ပြည့်လာနိုင်သည့် အခြေအနေရှိနေသည်။ ကလေးများမှာ ရေမကူးတတ်သဖြင့် အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ဖို့ အတွက်ဆိုရင် အောက်တိုဘာလမတိုင်မီ သီတင်းကျွတ်ရာသီရောက်မှ အဆင်ပြေနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

မည်သို့ပင်ဖြစ်စေကာမူ ကလေးတွေအမြန်ဆုံး အင်အားပြည့်ဖြိုးလာပြီး လှုပ်ရှားသွားဖို့ အသင့်ဖြစ်တာနဲ့ ကယ်ထုတ်လာမည်ဟု ထိုင်းအရာရှိများက အင်္ဂါနေ့က ပြောကြားခဲ့သည်။

ဗြိတိသျှ ရေငုတ်သမား John Volanthen နဲ့ Rick Staton တို့က လှိုဏ်ဂူ၏ အကျဉ်းမြောင်းဆုံးနေရာကို ခက်ခက်ခဲခဲရေငုတ်ကာ မှောင်မိုက်နေသော ရေပြင်ထဲမှာ တိုးလျှိုးသွားခဲ့ရာမှ ပျောက်ဆုံးနေသော အဖွဲ့ကို ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ကလေးများအတွက် ပထမဦးဆုံး အစားအစာအဖြစ် ဝက်သားနဲ့ထမင်းကို လုံအောင်အထုတ်ငယ်လေးများထုတ်ကာ ပေးပို့ခဲ့သည်။ ယခင်တွေ့ရှိစဉ်ကလည်း အင်အားဖြစ်စေမယ့် ဂျယ်လီလေးများကို ကျွေးထားခဲ့ပြီးဖြစ်သည်။

နောက်ထပ်ရက်အနည်းငယ်အတွင်း မိုးပြန်လည်ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ကာ ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ရေတက်လာတာနဲ့အမျှ ပိုပြီးခက်လာမှာဖြစ်ကြောင်း အဲဒီမတိုင်ခင် ပြန်လည်ကယ်ထုတ်ဖို့လိုကြောင်း ပြည်ထဲရေးဝန်ကြီး Anupong Paojinda က ဘန်ကောက်ပိုစ့်သတင်းစာကို ပြောကြားခဲ့သည်။

ကျောက်လှိုဏ်ဂူရဲ့ အပြင်ဖက်မှာတော့ ကလေးများရဲ့ မိဘများ လူမှုရေးအသင်းအဖွဲ့များက ကလေးများအတွက် အစားအစာ၊ ကယ်ဆ်ာရေးအဖွဲ့များအတွက် အစားအစာများကို ထောက်ပံ့ပေးနေကြသလို လှိုဏ်ဂူထဲမှ ရေများ စုပ်ထုတ်ခြင်း၊ အောက်ဆီဂျင်ဗူးများ အသင့်ပြင်ဆင်ထားခြင်း စသည်တို့ကို သက်ဆိုင်ရာအလိုက် လှုပ်ရားဆောင်ရွက်နေကြသည်။
 



Follow us on