1. Home
  2. International News

လှိုဏ်ဂူထဲက ကလေးရဲ့ ၁၄ နှစ်မြောက်မွေးနေ့အတွက် ဝိုင်းဝန်းဆုတောင်း

International News ก.ค. 04, 2561 view 1,504

ထိုင်းနိုင်ငံ မယ်ဆိုင် ထမ်လောင်းလှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ “Duangpetch Phromthep” ဒွန်မ် လို့ခေါ်တဲ့ ကလေးရဲ့ ၁၄ နှစ်မြောက် မွေးနေ့ကို သူ့ရဲ့သူငယ်ချင်းတွေနဲ့ မိဘတွေက အွန်လိုင်းပေါ်ကနေတစ်ဆင့် ဆုတောင်းပေးနေကြပါတယ်။

၉ ရက်တာ ပျောက်ဆုံးနေခဲ့တဲ့ သူတို့ကို ကယ်ဆယ်ရေးအဖွဲက ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့ပြီးနောက်တစ်နေ့ ဇူလိုင်လ ၃ ရက်နေ့ဟာ ဒွန်မ်ရဲ့ ၁၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေက မွေးနေ့ကိတ်မုန့်နဲ့အတူ ရိုက်ကူးထားတဲ့ ယခင်မွေးနေ့တွေတုန်းက ဒွန်မ်ရဲ့ ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး မနေ့က သူ့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့မတိုင်ခင် တစ်ရက်အလိုမှာ သူတို့ကို ပြန်တွေ့ခဲ့တာမို့ ဒွန်မ်ရဲ့ ၁၄ နှစ်မြောက်မွေးနေ့က အားလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ဘဝအမှတ်တရနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့နဲ့အတူ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က အတူရှိနေကြပြီး အနီးကပ်ပြုစုစောင့်ရှောက်နေကြပါတယ်။ သူတို့ပြန်လည် အင်အားရှိလာချိန်နဲ့ ရေကျချိန်ကို စောင့်ပြီး မကြာမီအပြင်ကို ပြန်လည်ကယ်ထုတ်လာနိုင်ဖို့ ကြိုးစားနေကြပါတယ်။



Follow us on