သူတို့တွေက ထိုင်းတောင်ပိုင်း Libong လီဗွန်ကျွန်းက လာကြတယ် အဲဒီကျွန်းလေးက ပင်လယ်ထဲက ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းလေးတကျွန်းက ပါ သူတို့တွေဟာအဲဒီမှာ ပင်လယ်ပျော်တွေပေါ့။
ရေငုတ်ကျွမ်းကျင်တယ် မြန်မာပြည်က စလုံလူမျိုးတွေလို ကျွန်းမှာနေပြီး ကျောက်တောင်တွေတက် ဌက်သိုက်ရှာပြိး ပင်လယ်ထဲမှာပဲဝမ်းစာရှာရင်း နေထိုင်ရပ်တည်နေကြတဲ့ ကျွန်းသားတွေပါ။ သူတို့ ၈ ယောက် လာကြပါတယ်။
ကလေးတွေက ဂူမှာပိတ်မိနေတယ်ဆိုတာတွေ ရေတွေကလည်းကြီးနေတယ် ဆိုတဲ့ သတင်းကြားတော့ သူတို့လည်း ရေငုတ်ပြီးရှာမယ် ကူညီမယ်ဆိုပြီး သူတို့အတွေးနဲ့ သူတို့ လာခဲ့ကြတာဖြစ်ပါတယ်။
သူတိုမှာရှိတဲ့ မရှိမဲ့ရှိမဲ့ လမ်းစရိပ်လေးတွေကို စုပြီး လာကြတာပေါ့၊ ကျောက်ဂူဆီရောက်တော့ ရေငုတ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ကြတယ်။
ဒါပေမယ့် အဲဒီမှာလည်း ကျွမ်းကျင်ရေငုတ်သမားတွေကိုသာ အဓိကရွေးချယ်စေလွတ်ဖို့ ရေတပ်ကလည်း စီစဉ်ဆောင်ရွက်ကြတဲ့အချိန် ကယ်ဆယ်ရေးတပ်ဖွဲတွေက လိုအပ်ရင် ခေါ်နိုင်ဖို့ ကျောက်ဂူရှေ့မှာ သူတို့စောင့်နေခဲ့ကြပါတယ်။
သူတို့ကိုခေါ်ရင် အချိန်မရွေးရေငုတ်ရှာပေးမယ်ဆိုတဲ့အတွေးတွေနဲ့ အားမာန်တွေအပြည့်နဲ့ပါ။
ကလေးတွေ ပြန်တွေ့ပြီဆိုတာကြားတော့ အားလုံးလည်း အပျော်တွေလွန်နေကြ၊ အညတြရတွေလည်း ဝမ်းသာပျော်ရွှင်နေကြတာပေါ့ သူတိုကိုလည်းဘယ်သူကမှ သတိမထားမိကြတော့ပါဘူး။
ကလေးတွေရှာတွေ့သွားပြီဆိုတော့ သူတို့လည်း ပြန်ကြရတော့မယ်လေ၊
လာတုန်းကတော့ လမ်းစရိပ်တွေ ကိုယ်ဖာသာစုပြီး လာကြတယ် ကလေးတွေကို ရှာဖွေဖို့ ကူညီကြမယ်ဆိုပြီး လာကြတာ၊ ပြန်မယ်လည်းဆိုရော လမ်းစရိပ်က မရှိတော့ဘူး ။ အခက်အခဲတွေဖြစ်နေတာပေါ့ သူတို့ကဖေ့စ်ဘွတ်တွေ ဘာတွေလည်း သိပုံ ရှိပုံမရဘူး။
သူတို့ပြန်ဖို့ လမ်းစရိပ်မရှိတော့ဘူးဆိုပြီး နောက်ဆုံးမှာ သူတို့ရွာသူကြီးကို ဖုန်းဆက် အကူညီတောင်းတော့ ကျွန်းသူကျွန်းသားတွေကစုပြီး သူတို့လမ်းစရိပ်အတွက် ဘတ် ၅၉၀၀ ပို့ပေးလိုက်တယ် ဆိုပဲ။
ဒီလိုနဲ့ သူတို့ပြန်သွားခဲ့ကြပါတယ်။ ကလေးတွေ ပြန်ရှာတွေပြီဆိုပြီတော့ စိတ်အနည်းငယ် အေးသွားရပြီလေ။ အဲဒီလို အညတြရတွေလည်း ထိုင်းလူမျိုးကျွန်းသားတွေထဲမှာ
ရှိနေကြပါတယ်။ ချစ်စရာကောင်းတဲ့ အညတြရတွေလေ။
အခုတော့ သူတို့ပြန်သွားပြီးမှ ထိုင်းရေတပ်က အကူညီတောင်းတာနဲ့ အစိုးရစရိတ်နဲ့ ချင်းရိုင်ခရိုင် မယ့်ဖားလွမ် လေဆိပ်ကို ချက်ချင်းပြန်လည်ရောက်ရှိလာပါပြီ။
သူတို့အဖွဲ့ဟာ သူတို့ကျွမ်းကျင်တဲ့ စွမ်းရည်တွေကို အသုံးချပြီး ရေအောက် ကျောက်ကြိုကျောက်ကြားတွေကနေ ကလေးကို အမြန်ဆုံးပြန်ကယ်ထုတ်နိုင်မယ့် လမ်းကြောင်းကို ရေတပ်နဲ့အတူ ပူပေါင်းပြီး ကူညီရှာဖွေပေးတော့မှာဖြစ်ပါတယ်။
အမြန်ဆုံး လမ်းကြောင်းရှာတွေ့ပြီး ကယ်တင်နိုင်ပါစေလို့ ဆုတောင်းပေးသွားကြပါဦးနော်..။
Credit:SAW