1. Home
  2. International News

ကယ်ဆယ်ရေးအဖွဲ့မှ ရေငုတ်သမားတစ်ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံး

International News ก.ค. 06, 2561 view 1,643

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်းလှိုဏ်ဂူအတွင်း ပိတ်မိနေသော ၁၃ ယောက်အဖွဲ့ကို ကယ်ဆယ်ရန်ကြိုးစားနေသော ထိုင်းရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အထူးရေငုတ်ကျွမ်းကျင်သူ တစ်ဦး ရေငုတ်စဉ် ရုတ်တရက်အသက်ရှုရပ်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆမန်ခူနန် (အသက် ၃၈) နှစ်ဟာ ဇူလိုင်လ ၆ ရက်နေ့ နံနင်စောစော ၂ နာရီဝန်းကျင်ခန့်တွင် လှိုဏ်ဂူအတွင်းမှ ပြန်ထွက်စဉ် လမ်းကြောင်းအတွင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက်ရှုရပ်ကာ သေဆုံးသွားခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး Arpakorn Yookongkaew က အတည်ပြုပြောကြားခဲ့သည်။

ဆမန်ခူနန် ဟာ ယခင်က ထိုင်းရေတပ်မတော်က ရေးငုတ်ကျွမ်းကျင်အထူးအဖွဲ့ဝင်ဖြစ်ပြီး ရေတပ်မှ အငြိမ်းစားယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဆူဝမ်နခွန်လေဆိပ်တွင် ဝင်ရောက်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ဝင်ရောက်ကူညီရင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

၁၃ ယောက်အဖွဲ့ကို ပြန်လည်ကယ်ထုတ်လာတဲ့အခါ အဆင်သင့်ဖြစ်နေအောင် အောက်ဆီဂျင်ဗူးတွေကို မြေအောက်လမ်းတစ်လျှောက် နေရာချထားရင်း သောကြာနေ့ နံနက်စောစော ၁ နာရီအချိန်ခန့်မှာ အသက်ရှုမွန်းကျပ်တဲ့ ဝေဒနာကိုခံစားခဲ့ရပါတယ်။

သူကို ကယ်တင်ရန်ကြိုးစားခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို ပိုဆောင့်ခဲ့ပြီး အဲဒီကမှတစ်ဆင့် သူ့ရဲ့နေရပ်ကို ပြန်သယ်မှာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အတွက် မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း ရေတပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးက ပြောဆိုခဲ့သည်။


 



Follow us on