1. Home
  2. International News

ကလေးများအား ဦးဆောင်ကာ လှိုဏ်ဂူထဲခေါ်သွားသူနည်းပြအား မိဘများအပြစ်မယူ

International News ก.ค. 09, 2561 view 1,558

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်းလှိုဏ်ဂူထဲတွင် ပိတ်မိနေခဲ့သော ကလေး ၁၂ ဦး၏ မိဘများက ဘောလုံးနည်းပြဖြစ်သူ အသက် ၂၅ နှစ်အရွယ် Ekkapol Chantawong အား အပြစ်မယူကြောင်း၊ ဖြစ်ပျက်ခဲ့သမျှအတွက် ကိုယ်ကိုယ်ကိုယ် အပြစ်မတင်ဖို့ အပြန်အလှန်စာရေးသား ဆက်သွယ်ခဲ့ကြပါတယ်။

Ekkapol Chantawong ဟာ လွန်ခဲ့သော နှစ်ပတ်ခန့်က သူ၏ဘောလုံးအသင်းသားများ ဖြစ်သည့် ကလေး ၁၂ ဦးကို လှိုဏ်ဂူအတွင်းသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ရာသီဥတုအခြေအနေစိုးရွားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး လှိုက်ဂူအတွင်း ၁၀ ရက်ခန့်ပိတ်မိ ပျောက်ဆုံးနေခဲ့ရာမှ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေမှုကြောင့် ၁၃ ယောက်အဖွဲ့ကို ပြန်လည်ရှာတွေခဲ့ခြင်းဖြစ်သည်။

Ekkapol Chantawong က ကလေးမိဘများအားလုံးကို ဦးညွတ်ကာ တောင်းပန်ပါကြောင်း လှိုဏ်ဂူအတွင်းမှ စာရေးသားပေးပို့ခဲ့သည်။ ကလေးမိဘများက ပြန်လည်၍ Ekkapol Chantawong အား ကိုယ်ကိုယ်ကို အပြစ်မတင်ရန်၊ သူတို့အနေနဲ့လည်း စိတ်မဆိုးပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ကလေးတစ်ဦး၏ မိခင်ဖြစ်သူ Takamsai က “ကလေးတို့ရေ မင်တို့အားလုံးကို စိတ်လည်းမဆိုဘူး၊ အပြစ်လည်းမတင်ပါဘူးကွယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ကြပါ၊ နွေးနွေးထွေးထွေးရှိအောင် စောင်တွေခြုံထားဖို့လည်း မမေ့ပါနဲ့၊ အပြင်မှာ အားလုံးက စိတ်ပူနေကြတယ်၊ မကြာခင်မင်းတို့အားလုံး အပြင်ပြန်ရောက်လာကြတော့မှာပါ” ဟု ရေးသားစာပြန်ခဲ့ပါတယ်။

လက်ရှိနောက်ဆုံး သတင်းများအရ ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းမှာ ကလေး ၄ ဦးကို အောင်မြင်စွာက်ထုတ်နိုင်ခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြောင်း သိရှိရသည်။



Follow us on