1. Home
  2. International News

ဘုရားသခင်ရှိတယ်ဆိုတာ ဆယ်လ်ဖီအတူဆွဲပြီး သက်သေပြနိုင်ရင် ငါနှုတ်ထွက်ပေးမယ်

International News ก.ค. 09, 2561 view 1,521

ဖီလစ်ပိုင်သမ္မတ ဒူတာတေး ကတော့ ဘုရားသခင်နဲ့ပက်သက်ပြီး ထပ်မံ ပွဲကြမ်းလိုက်ပြန်ပါပြီ။ မကြာသေးမီကမှ ဘုရားသခင်ကို “အသုံးမကျတဲ့သူ” ဟု ပြောဆိုခဲ့တဲ့အတွက် ဖီလစ်ပိုင်နိုင်ငံက ဘာသာရေးကိုင်းရှိုင်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကြားမှာ ပွက်လောက်ရိုက်ခဲ့ပြီးနောက် အခုတစ်ဖန် “ဘုရားရှိတယ်လို့ ပြောတဲ့လူ သူနဲ့ ဆယ်လ်ဖီဆွဲလာပြီး သက်သေပြနိုင်ရင် ငါရာထူးက နှုတ်ထွက်ပေးမယ်” လို့ ထပ်ပြီး ပြောဆိုလိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က Davao မြို့တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ နည်းပညာပြပွဲမှာ မိန့်ခွန်းပြောကြားစဉ် အဖွင့်စကားမှာထဲက “ဘုရားရှိတယ်ဆိုတဲ့ အတွေးအခေါ်က ဘယ်မှာလဲ..?” ဟု မေးခွန်းထုတ်လိုက်ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီလစ်ပိုင်သမ္မတက ဘုရားရှိတယ်ဆိုတာ တစ်ယောက်ပဲ သက်သေပြပါ၊ ဘုရားနဲ့ စကားပြောနိုင်တဲ့ မြင်နိုင်ပါတယ်ဆိုတဲ့လူ ဆယ်လ်ဖီဆွဲပြီး သက်သေပြနိုင်ရင် ခုချက်ခြင်း နှုတ်ထွက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သန်းပေါင်းများစွာသော ကြယ်စုတွေ၊ အာကာသတွေကို ဘုရားသခင်က ကာကွယ်ပေးထားတယ်ဆိုတာ နှစ်ပေါင်းမြောက်များစွာထဲက လူသားမျိုးနွယ်တွေကို ခြိမ်းခြောက်မှု တစ်ခုပဲလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မိန့်ခွန်းမှာ ဘုရားသခင်ကို “အသုံးမကျသူ” ဟု ခိုင်းနှိုင်းခဲ့တာကြောင့် ဘာသာရေးဘုရားကျောင်းတွေနဲ့ အစိုးရရဲ့ ဆက်ဆံရေးမှာ ခပ်မျက်မျက် ဆူးတစ်ချောင်း စိုက်ဝင်ခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ဒူတာတေးကို “စိတ်ရောဂါသည်” လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ Harry Roque ကတော့ သမ္မတအနေနဲ့ ဘာသာရေးနဲ့ပက်သက်ပြီး သူ့ရဲ့ကိုယ်ပိုင် သဘောထားအမြင်ကို ဖော်ထုတ်ပြောဆိုနိုင်ခွင့်ရှိတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဖီလစ်ပိုင်ဘုန်းတောကြီးက နှစ်ပတ်လည်အစည်းအဝေးကို စနေနေ့က မနီလာမြို့မှာ ပြုလုပ်ခဲ့ပြီး ဒူတာတေးရဲ့ ဘာသာရေးနဲ့ပက်သက်ပြီး ပြောဆိုနေမှုများကို တနင်္လာနေ့မှာ အပြီးသတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
 



Follow us on