1. Home
  2. International News

နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်ရန် ရဲမေဝတ်စုံကို အတိုအပြတ်ပြောင်းလဲ

International News ก.ค. 10, 2561 view 1,613

လက်ဘနွန်နိုင်ငံက မြို့တော်ဝန်က နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်စေရန် ရည်ရွယ်ပြီး ရဲမေများရဲ့ ဝတ်စုံကို အနက်ရောင် အတိုအပြတ် မီနီစကတ်များအဖြစ် ပြောင်းလဲ ဝတ်ဆင်စေသည်။

နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဝင်လာအောင် ဆွဲဆောင်နေကြတဲ့ နည်းပေါင်းစုံထဲမှာတော့ ဒီနည်းက အနည်းငယ် အူတိအူကြောင်နဲ့ ထူးဆန်းတယ်လို့ ဆိုရပါမယ်။
လက်ဘနွန်နိုင်ငံ Brummana မြို့က မြိုတော်ဝန်ဖြစ်သူ Pierre Achkar က အနောက်တိုင်းသား ခရီးသွားဧည့်သည်များ သူရဲ့မြို့ကို ပိုမိုလာရောက်လည်ပတ်ချင်စိတ်ပေါက်အောင် စွဲဆောင်သည့် အနေဖြင့် ရဲမေများအားလုံး အနက်ရောင် ခပ်ကျပ်ကျပ် မီနီစကတ်ဝင်ဆင်ရမည်ဟု ပြဌါန်းလိုက်သည်။


လက်ဘနွန်ရဲ့ အားရစရာမရှိတဲ့ ပုံရိပ်ကို ပြောင်းလဲပစ်ချင်တဲ့ သဘောပါ၊ မြေထဲပင်လယ်ဒေသမှာ နိုင်ငံခြားခရီးသွား ၉၉% ကျော်က အတိုပဲဝတ်ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ပြောင်းလဲမှု လုပ်ရပ်အပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ ရှေးရိုးစွဲသမားများက မြို့တော်ဝန်ရဲ့ လုပ်ရပ်က မလိုအပ်ပဲ အမျိုးသမီးတွေကိုတော့ လှစ်ဟပြခိုင်းတယ်လို့ ဝေဖနိကြပါတယ်။ အမျိုးသားရဲတွေကတော့ နဂိုအတိုင်း ဘောင်ဘီရှည်ပဲ ဝတ်ဆင်ကြရမှာပါ။

နိုင်ငံခြားဧည့်သည်တွေကို မြူဆွယ်ချင်တာနဲ့ အနောက်တိုင်းပုံစံကို အတုယူတယ်ပေါ့၊ မင်းက အတုအယောင်ကောင်ကြီးဖြစ်နေပြီ” ဟု တွစ်တာမှာ တစ်ဦးကရေးခဲ့သလို..

အနောက်တိုင်းက ရဲမေတွေလည်း စမတ်ကျကျ ဝတ်စုံ ဝတ်ကြပါတယ်ကွယ်၊ ကိုယ့်အမျိုးကောင်းသမီးလေးတွေကို အဖော်အလှော်ပြဖို့ လိုလို့လား” လို့ တစ်ယာက်ကလည်း ရေးခဲ့ပါတယ်။

တတိာတစ်ဦးကတော့ “ဒေသန္တရအုပ်ချုပ်ရေး စနစ်မှာ အမျိုးသမီးတွေ အရေးပါတယ်ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ပြဿနာက ဒါဟာ ရဲမေတွေအတွက် သတ်မှတ်ဝတ်စုံလား ဆိုတာ မသဲကွဲဖူး။ ဒါပေမယ့် ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သလို ဖြစ်နေတယ်” ဟု ရေးသားခဲ့ပါတယ်။

ဒါပေမယ့်လည်း မြို့လေးပေါ်မှာတော့ စကတ်တိုတိုနဲ့ ချစ်စရာရဲမေတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ၊ မြို့တော်ဝန်ရဲ့ ရည်ရွယ်ချက် အောင်မြင်မှု ရှိ၊ မရှိကတော့ စောင့်ကြည့်ရပါဦးမည်။
 



Follow us on