1. Home
  2. International News

တောဝက်ကလေး ၁၃ ယောက် ပညာသင်ဆု အပြည့်အဝရရှိ

International News ก.ค. 13, 2561 view 1,687

မကြာသေးမီရက်ပိုင်းကမှ လှိုဏ်ဂူအတွင်းမှ ပြန်လည်ကယ်ဆယ် လွတ်မြောက်ခဲ့သော တောဝက်ကလေးဘောလုံးအသင်းအဖွဲ့မှ ကလေး ၁၃ ဦးစလုံးကို ထိုင်းနိုင်ငံ နာရီဆွန်းတက္ကသိုလ်မှ ဘွဲ့ရသည်အထိထောက်ပံ့ပေးမည့် ပညာသင်ဆုကို ကမ်းလှမ်းလိုက်သည်။

နာရီဆွန်းတက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီးဖြစ်သူ ပရော်ဖက်ဆာ Kanchana Ngourungsi က ပညာသင်ဆုကမ်းလှမ်းချက်ကို ဇွန်လ ၁၀ ရက်နေ့က ချင်းရိုင်ခရိုင် မြို့ဝန်ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

နာရီဆွန်းတက္ကသိုလ် အနေနဲ့ အခုလို ပညာသင်ဆု ကမ်းလှမ်းခွင့်ရတာ ဝမ်းသာပါတယ်၊ ကလေး ၁၃ ယောက်လုံးကို ပညာသင်ဆု အပြည့်အဝပေးတာပါ၊ အကယ်၍ သူတို့အနေနဲ့ ဒီဂရီတွေ၊ မာစတာဘွဲ့တွေထိ ဆက်တက်မယ်ဆိုရင်လည်း နာရီဆွန်းတက္ကသိုလ်က ကြိုဆိုပါတယ်” လို့ ကျောင်းအုပ်ကြီးက ပြောဆိုခဲ့ပါတယ်။

အဆိုပါ ပညာသင်ဆု လက်ခံရရှိခဲ့တာနဲ့ ပက်သက်ပြီး ကလေးတွေဟာ ဒုက္ခတွင်းထဲမှ လွတ်မြောက်ခဲ့သူတွေသာ ဖြစ်တယ် သူရဲကောင်းတွေ မဟုတ်ဘူးလို့ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပြီး တစ်ကယ်ဆိုရင် ချီးမြှင့်မှုတွေကို ကယ်ဆယ်ရေးသမားတွေကိုသာ ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့သလို အချို့ကလည်း နာရီဆွန်းတက္ကသိုလ်အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကိုလည်း ပညာသင်ခွင့်ပေးသင့်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။
 



Follow us on