1. Home
  2. International News

ညစ်ညမ်းဗီဒီယိုများကြောင့် မလေးရှားနိုင်ငံသားကို သြစတြေးလျားက နှင်ထုတ်

International News ก.ค. 13, 2561 view 1,568

အလွန်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုညစ်ညမ်းဗီဒီယိုများကို လက်ကိုင်ဖုန်းထဲမှာ စစ်ဆေးတွေ့ရှိတာကြောင့် မလေးရှားနိုင်ငံသား ခရီးသည်ကို သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်မပေးပဲ နှင်ထုတ်ခဲ့ပါတယ်။


အသက် ၄၃ နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ဦးဟာ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့က ကွာလာလမ်ပူကနေ သြစတြေးလျနိုင်ငံ ပါသ့်လေဆိပ်ကို ရောက်ရှိခဲ့ချိန် လုံခြုံရေးအရစစ်ဆေးစဉ် သူ၏လက်ကိုင် မိုဘိုင်းဖုန်းထဲမှ ကြမ်းတမ်းလွန်းလှသည့် ညစ်ညမ်းဗီဒီယိုဖိုင်များကို စစ်ဆေးတွေ့ရှိခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဌါနက ပြည်ဝင်ခွင့်ဗီဇာကို ပယ်ဖျက်ခဲ့ပြီးနောက် ထိန်းသိမ်းထားခဲ့ပြီး သောကြာနေ့မှာ (ယနေ့)မှာ မလေးရှားနိုင်ငံကို ပြန်လည်နှင်ထုတ်ခဲ့ပါတယ်။
သြစတြေးလျ အနောက်ပိုင်းန်ာစပ်လုံခြုံရေးအရာရှိ Mark Wilson က အဆိုပါ စစ်ဆေးတွေ့ရှိချက်ဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သြစတြေးလျနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ရာကျကြောင်းပြောဆိုခဲ့ပါတာ်။ ဒါပေမယ့် စစ်ဆေးတွေ့ရှိခဲ့တဲ့ ကိစ္စအသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။

ဗီဒီယိုဟာ အစွန်းရောက်ပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြကွက်တွေအပြည့်ပါပဲ၊ ဒီလိုကိစ္စတွေကို ကျွန်တော်တို့ လူမှုအဖွဲ့အစည်းက လက်မခံပါဘူး၊ ဒီလိုမျိုးဖမ်းဆီးခံရတဲ့ ဘယ်သူမဆို သူတို့ရဲ့ အခွင့်အရေးဆိုတာကို လက်လွှတ်ရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
 



Follow us on