1. Home
  2. International News

အသက်စွန့်သွားသော ရေငုတ်သမားအတွက် တောဝက်လေးများ ဝမ်းနည်းစွာငိုကြွေး

International News ก.ค. 16, 2561 view 1,417

ထိုင်းရေတပ်မတော်မှ ရေငုတ်ကျွမ်းကျင်ဝန်ထမ်းဟောင်း တပ်ကြပ်ကြီး Saman Kunan ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ်အတွင်း သေဆုံးခဲ့ရကြောင်း တောဝက်ကလေးများကို ဖွင့်ပြောလိုက်တဲ့ အချိန်မှာ သူတို့အားလုံး ရုတ်တရက် အရမ်းထိတ်လန့်သွားခဲ့ပြီးနောက် ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြပါတယ်။

သူတို့အားလုံးရဲ့ အသက်ရှင်ရေးအတွက် သူ့အသက်ကိုပေးသွားခဲ့တဲ့အတွက် ကလေးတွေက ကျေးဇူးအထူးတင်ပြီး စိတ်မကောင်းစွာနဲ့ ငိုကြွေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌါနမှ အတွင်းရေးမှူး ဒေါက်တာ Jessada Chokdamrungsuk က ပြောကြားခဲ့သည်။


ကလေးတွေက သူတို့ကြီးလာတဲ့အခါ တပ်ကြပ်ကြီး Saman Kunan ရဲ့ ကျေးဇူးကို သိတတ်နားလည်တဲ့အနေနဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်သွားမည်ဖြစ်ကြောင်း ကတိပေးကြပါတယ်” လို့ Jessada က ပြောပါတယ်။ အဲဒီနောက် သူတို့ဟာ ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်အဖြစ် Saman Kunan ရဲ့ ပန်းချီပုံကို ကိုင်ပြီး မတ်တပ်ရပ်ကာ တိတ်ဆိပ် ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။

တပ်ကြပ်ကြီး Saman Kunan ဟာ ဇူလိုင်လ ၆ ရက်နေ့က ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်စဉ် အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ Saman Kunan အား နိုင်ငံတော်ဈာပနနဲ့ သင်္ဂြိုလ်ခဲ့ပြီး သူ့ရဲ့ စွန့်လွှတ်နစ်နာခံမှုကို အသိမှတ်ပြုတဲ့အနေနဲ့ စနေနေ့က ဗိုလ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။
 



Follow us on