1. Home
  2. International News

သွေးဆူနေတဲ့လူအုပ်ကြီးက မိကျောင်းအကောင် ၃၀၀ နီးပါးကို လက်စားချေသတ်ဖြတ်

International News ก.ค. 16, 2561 view 1,672

အင်ဒိုနီးရှားနိုင်ငံတွင် ရွားသားတစ်ဦး မိကျောင်းကိုက်ခံရပြီးနောက် သွေးဆူနေတဲ့ လူအုပ်ကြီးက ဒေါသကြီးစွာဖြင့် မိကျောင်း အကောင် ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြသည်။

ပါပွားစီရင်စုတွင် အသက် ၄၈ နှစ်အရွယ် ဆူဂီတို ဆိုသူ အမျိုးသားတစ်ဦးက သူ၏ခြံတွင်မွေးမြူထားသော နွားများအတွက် မြက်လိုက်ရှာစဉ် မိကျောင်းမွေးမြူရေးခြံထဲ ပြုတ်ကျခဲ့ပြီးနောက် မိကျောင်းကိုက်ခံရကာ သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ၁၄ ရက် စနေနေ့က ဆူဂီတို၏ နာရေးကို ရွာသားများလိုက်ပို့ခဲ့ကြပြီးနောက် မိကျောင်းကိုက်ခံရသည့် ကိစ္စအပေါ်  ဆူဂီတို၏ ဆွေမျိုးများက မကျေနပ်သလို လူနေထိုင်ရာ နေရာအနီး မိကျောင်းမွေးမြူရေးခြံ ပြုလုပ်ထားသည့်အပေါ် ဒေသခံများကလည်း မကျေနပ်သဖြင့် စုရုံးကာ ရဲစခန်းသို့ ချီတက်ခဲ့ကြသည်။

မိကျောင်းမွေးမြူရေးခြံက သေဆုံးသူ၏ မိသားစုကို လျော်ကြေးပေးရန် နှစ်ဖက်သဘောတူညီထားပြီးဖြစ်ကြောင်း ဒေသခံ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ Bassar Manulang က ပြောကြားခဲ့သည်။

သို့သော် ၁၀၀ ကျော်လောက်ရှိတဲ့ လူအုပ်ကြီးက မကျေနပ်ပဲ တုတ်ဓားများ ဆွဲကိုင်ပြီး မိကျောင်းမွေးမြူရေးခြံသို့ ဆက်လက် ထွက်ခွာသွားပြီး ခြံထဲမှ မိကျောင်းများကို သတ်ဖြတ်ခဲ့ကြသည်။ ရဲများနဲ့ အေဂျင်စီက လူများအနေနဲ့ အဆိုပါ ရက်စက်စွာ သတ်ဖြတ်မှုတွေလုပ်နေတဲ့ လူအုပ်ကြီးကို တားလို့မရနိုင်ခဲ့ပါဘူး။ တိုက်ခိုက်မှုကြောင့် လေးလက်မအရွယ် မကျောင်းပေါက်လေးမှ ၂ မီတာခန့်ရှိသော အရွယ်ရောက်ပြီးမိကျောင်း အပါအဝင် ၂၉၂ ကောင် သေဆုံးခဲ့ရသည်။

လက်ရှိမှာတော့ သက်ဆိုင်ရာက မျက်မြင်သက်သေများကို စစ်ဆေးနေပြီး ပါဝင်သူများအားလုံးကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref:AFP
 



Follow us on