1. Home
  2. International News

လူပေါင်း ၂၀၀၀ ကျော် ဝိုင်းရိုက်သဖြင့် ဂူဂဲလ်မှအင်ဂျင်နီယာသေဆုံး

International News ก.ค. 17, 2561 view 1,534

WhatsApp မှ ပျံ့နှံ့ခဲ့သော သတင်းအမှားကြောင့် Google(ဂူဂဲလ်) မှ အင်ဂျင်နီယာနှင့် သူ၏သူငယ်ချင်းနှစ်ဦးတို့ အိမ်အပြန်လမ်းတွင် ဒေါသထွက်နေသော လူအုပ်ကြီးမှ ဝိုင်းဝန်းပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့သည်။

လွန်ခဲ့သော မေလခန့်မှ စတင်ကာ WhatsApp အပလီကေးရှင်းပေါ်မှတစ်ဆင့် ကလေးပြန်ပေးဆွဲသူများ သောင်းကျန်းနေ ဟူသော သတင်းအမှားတစ်ခု လျှင်မြန်စွာပျံ့နှံ့ခဲ့ပြီးနောက်မှာ နေရာဒေသအသီးသီး၌ လူအုပ်ဖြင့် ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စုစုပေါင်း လူ ၂၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်သည်။

အဆိုပါသတင်းအမှား ပျံ့နှံ့နေမှုကို အိန္ဒိယအစိုးရအနေနဲ့ ရှင်းလင်းနိုင်ခြင်းမရှိပဲ WhatsApp အပလီကေးရှင်းပိုင်ရှင် ဖြစ်သည့် Facebook ကို တာဝန်ယူဖြေရှင်းပေးရန် ညွှန်ကြားချက်ပေးထားခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၂၇ နှစ်အရွယ် ဂူဂဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာဖြစ်သူ Azam နှင့် သူ၏သူငယ်ချင်းနှစ်ဦးမှာ ဘေဒါမြို့မှ သူငယ်ချင်းများထံ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကာမောင်းနှင်ကာ အိမ်ပြန်ခဲ့ကြသည်။ ချော့ကလက်များ ဝယ်ယူခဲ့ကြပြီးနောက် လမ်းတစ်ဝက် တစ်နေရာတွင် ကားရပ်ကာ ကျောင်းသားလေးများအား ချော့ကလက်ကို တန်းစီစေပြီး ဝေပေးခဲ့ကြသည်။

ထိုစဉ်ကလေးတစ်ဦးမှ စူးစူးဝါးဝါး ငိုယိုလိုက်ချိန်တွင် အနီးနားရှိလူကြီးတစ်ဦးက သူတို့ကြားသိထားသည့်အတိုင်း ကလေးပြန်ပေးဆွဲသူများဟု ထင်မှတ်ကာ WhatsApp မှတစ်ဆင့် နီးစပ်ရာကို အကြောင်းကြားခဲ့ရာ မကြာမီပင် လူ ၂၀၀၀ ခန့်ရှိသော လူအုပ်ကြီး ရောက်ရှိလာခဲ့သည်။

သူတို့သုံးဦးက မဟုတ်ကြောင်း ရှင်းပြခဲ့ပြီး ကားပေါ်တက်ကာ မောင်ထွက်ရန် ကြီုးစားခဲ့သော်လည်း လူအုပ်ကြီးက ကားကို လမ်းဘေးသို့ ဝိုင်းမတွန်းချခဲ့သည်။ အဲဒီနောက် ကားထဲမှ လူသုံးဦးကို ဆွဲထုတ်ပြီး ကျောက်ခဲများ သစ်ကိုင်းများဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာ Azam မှာ သေဆုံးသွားခဲ့ပြီး သူငယ်ချင်းနှစ်ဦးမှာ ပြင်းထန်းစွာ စိုးရိမ်ရသောဒဏ်ရာများရရှိခဲ့ကြသည်။

ဖြစ်စဉ်ကို ရဲများက တစ်နာရီကြာ ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ရဲသုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပက်သက်ခဲ့သူ ၃၂ ဦးကို ဖမ်းဆီးထားပြီး ဗီဒီယိုပုံရိပ်များကို ကြည့်ရှုပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရဲအဖွဲ့က ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း မဟာရက်စ်ထရာမြို့အနီးတွင် အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေးဆုံးခဲ့ရသည်။
WhatsApp မှ တစ်ဆင့် ပျံ့ပွားခဲ့သော သတင်းမှားကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ သတင်းမှားများကို ဖယ်ရှားနိုင်မည့် နည်ပညာအိုင်ဒီယာ ချပြနိုင်သူအား ဒေါ်လာ ၅ သောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း Facebook က ကြေညာထားသည်။
 



Follow us on