1. Home
  2. International News

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပစ္စတိုတစ်လက်နဲ့ အဆုံးသတ်ခဲ့

International News ก.ค. 18, 2561 view 1,728

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ခဲမြို့နယ်ရှိ ကာရာအိုကေဆိုင်တစ်ဆိုင်ရှေ့မှာ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူကို အမျိုးသမီးရဲ့ ချစ်သူက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး နောက်ဆုံးမှာ သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့ကာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ကန့်လန့်ကာချခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က မစ္စဆွန်ပွန် ဆိုသူအမျိုးသမီးက သူယခင်ကအလုပ်လုပ်ခဲ့ဖူးသော ဘန်ခဲမြို့နယ် ကာရာအိုကေဆိုင်ကို အလုပ်ကိစ္စတစ်ခုအတွက် လာခဲ့ပါတယ်။  
အဲဒီအချိန်မှာ သူမရဲ့ချစ်သူဖြစ်တဲ့ မစ္စတာချာရွတ် ဆိုသူရောက်လာပြီး ပြဿနာတစ်ခုကို လာရှင်းဟန်တူပါတယ်။ မကြာခင်မှာပဲ ချာရွတ်က ဆွန်ပွန်ကို ပါးနားရိုက်နှက်နေတာကြောင့် ဆွန်ပွန်ရဲ့ သူငယ်ချင်းများက ဆွန်ပွန်ရဲ့ ခင်ပွန်းဖြစ်သူ မစ္စတာဆောင်ဆတ်ကို ဖုန်းဆက်ပြီး ဖြစ်စဉ်ကို ပြောပြကာ သူ့ရဲ့မိန်းမကို လာကယ်ရန် အကြောင်းကြားခဲ့ပါတယ်။


မစ္စတာဆောင်ဆတ် ရောက်လာချိန်မှာတော့ ချာရွတ်က ပစ္စတိုသေနတ်ထုတ်ကာ ကာရာအိုကေဆိုင်ရှေ့မှာပဲ ဆွန်ပွန်ကို ပစ်သတ်လိုက်ပါတယ်၊ အဲဒီနောက် သူမရဲ့ခင်ပွန်းဖြစ်သူ ဆောင်ဆတ်ကိုလည်း ပစ်သတ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို ပြန်ပစ်ကာ အဆုံးစီရင်ခဲ့ပါတယ်။

သူတို့သုံးဦးရဲ့ အလောင်းတွေကို စီရီရတ်ဂ်ျဆေးရုံကို ရဲများက ပို့ဆောင်ခဲ့ပြီး ဆွေမျိုးများကို အကြောင်းကြားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြပါရှိသည်။

 



Follow us on