1. Home
  2. International News

Air Force One ကို ဒေါ်နယ်ထရမ့် ဒီဇိုင်းပြောင်းလဲမည်

International News ก.ค. 23, 2561 view 1,433

အမေရိကန်သမ္မတအစဉ်အဆက်က စီးနင်းအသုံးပြုလာခဲ့သည့် လေယာဉ် Air Force One ကို ဒီဇိုင်းကို မျိုးချစ်စိတ်ဓာတ် ပိုမိုပေါ်လွင်စေသည့် အရောင်များနဲ့ ပြောင်းလဲသွားမည်ဟု CBS သတင်းဌါနနဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က Air Force One  လေယာဉ်အသစ်ဖြစ်လာမည့် ဘိုးရင်း  747-8 လေယာဉ်ကို အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံဖြင့် သဘောတူကာ ဘိုးရင်းကုမ္ပဏီကို တည်ဆောက်ရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက် တစ်ကယ်တည်ဆောက်ရန် အသေးစိတ်တွက်ချက်ချိန်မှာတော့ ကုန်ကျစရိတ်က ဒေါ်လာ ၄ ဘီလီယံ ကျော်မည်ဖြစ်ကြောင်း သိရတဲ့အခါ အမေရိကန်ပြည်သူများအတွက် ၁.၅ ဘီလီယံကို ချွေတာတဲ့အနေနဲ့ အော်ဒါပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ထရမ့်က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိ Air Force One လေယာဉ်ရဲ့ သက်တမ်းဟာ နှစ် ၃၀ ရှိပြီဖြစ်လို့ သူ့ရဲ့နောက်မှာ တက်လာမယ့် အမေရိကန်သမ္မတအတွက် လေယာဉ်အသစ်လိုအပ်တယ်လို့ ထရမ့်ကဆိုပါတယ်။ ဒါ့အပြင် Air Force One လေယာဉ်မှာ ဆင်ထားတဲ့ သမ္မတရဲ့အိပ်ယာဟာ သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်မှာ ဆင်ထားတဲ့ အိပ်ယာထက် သေးနေတာကိုလည်း ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် Air Force One လေယာဉ်ရဲ့ အရောင်ကို မျိုးချစ်စိတ်ဓာတ်ကို ကိုယ်စားပြုရင်သန်စေဖို့ အမေရိကန်အလံရဲ့ အဓိကအရောင်တွေဖြစ်တဲ့ အနီ၊ အဖြူ၊ အပြာတို့ကို သုံးပြီး ဒီဇိုင်းအသစ် ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
 



Follow us on