1. Home
  2. International News

ဒမ်မီလိုဗာတို မူးယစ်ဆေးအသုံးလွန်မေ့မျောကာ ဆေးကုသမှုခံယူနေ

International News ก.ค. 25, 2561 view 1,507

ကမ္ဘာကျော် အမေရိကန်အဆိုတော် ဒမ်မီလိုဗာတို(Demi Lovato) တစ်ယောက် မူးယစ်ဆေးအသုံးလွန်ပြီး အင်္ဂါနေ့က သူမ၏နေအိမ်တွင် သတိလစ်မေ့မြောကာ ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။

ဟောလိဝုဒ်တောင်ကုန်းရှိ သူမ၏နေအိမ်တွင် မူးယစ်ဆေးအသုံးလွန်ပြီး သတိလစ်မေ့မြောခဲ့သဖြင့် သူငယ်ချင်းဖြစ်သူက အရေးပေါ် ဖုန်းနံပါတ် ၉၁၁ သို့ ဆက်သွယ်ခဲ့သည်။ ဆေးအဖွဲ့ရောက်လာခဲ့ပြီး ဆေးလွန်သူတို့အား ထိုးပေးလေုရှိသော Narcan ဆေးထိုးပေးခဲ့သဖြင့် ပြန်သတိရလာခဲ့သည်။
သူမဘာဆေးသုံးဆွဲခဲ့သည်ကို ပြောဆိုရန် ငြင်းဆန်ခဲ့သလို သူမ၏ နေအိမ်တွင်လည်း မည်သည့် မူးယစ်ဆေးမှ မတွေ့ရကြောင်း သိရှိရသည်။ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သူမဟာ ဘိန်းဖြူအလွန်အကျွံသုံးလို့ ဖြစ်တာမဟုတ်ကြောင်း ရေးသားထားသည်။

ဒမ်မီလိုဗာတို ဟာ ယခင်က ကိုကင်းနှင့် အောက်ဆီကိုတင်း မူးယစ်ဆေးစွဲသူ တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဆေးအလွန်အကျွံမသုံးမိခင်က သူမ၏နေအိမ်တွင် သူငယ်ချင်းများနဲ့ တစ်ညလုံး ပါတီပွဲလုပ်နေခဲ့ခြင်းဖြစ်သည်။
ဒမ်မီကို လော့စ်အိန်ဂျလိစ်ဆေးရုံတွင် တင်ထားပြီး ယခုအခါ ပြန်လည်ကျန်းမာလာကာ မိခင်ကလည်း အနားမှာ လာရောက်စောင့်ရှောက်ပေးနေပြီဖြစ်သည်။
ပြီခဲ့တဲ့ တနင်္ဂနွေနေ့ညက ကယ်လီဖိုးနီးယား ဖျော်ဖြေပွဲတစ်ခုမှာ ဒမ်မီက သူမ၏ သီချင်းဖြစ်တဲ့ “Sober” ကို သီဆိုစဉ် စာသားများ မေ့နေသည့် အခက်အခဲကို ကြုံတွေ့ခဲ့ရသည်။ သူမဟာ ယခင်က အရက်နဲ့ မူးယစ်ဆေး စွဲခဲ့ဖူးသူဖြစ်ပြီး ဒီအကြောင်းတွေကို ပွင့်လင်းစွာ မကွယ်ဝှက်တမ်း ပရိသတ်တွေကို ချပြ ပြောဆိုခဲ့သူလည်း ဖြစ်သည်။

သူမ အသက် ၁၇ နှစ်မှာ ကိုကင်းကို စတင်စမ်းသပ်သုံးစွဲခဲ့ပြီး ကိုကာကိုလာနဲ့ ရောပြီးသုံးခဲ့တဲ့ ပထမဆုံး သူမရဲ့ အတွေ့ကြုံက ထိမ်းမနိုင်သိမ်းမရ ဖြစ်ခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
သူမရဲ့ ဖခင်ဖြစ်သူဟာ အရက်စွဲသူ တစ်ယောက်ဖြစ်ခဲ့တဲ့အပေါ်မှာ အဖေက အရက်နဲ့ မူးယစ်ဆေးထဲမှာ ဘာတွေများ ပိုကောင်းတာတွေ့လို့ မိသားစုကိုတောင် အရေးအထားနိုင်တာလည်းဆိုတာကို သူမငယ်စဉ်က အမြဲတွေးတောနေခဲ့တယ်လို့ဆိုပါတယ်။


သူမဆေးလွန်ပြီး ဆေးကုသခံနေရတဲ့အပေါ် သူမရဲ့ လုပ်ဖော်ကိုင်ဖက် အခြားအဆိုတော်တွေက တွစ်တာကနေတစ်ဆင့် အားပေးစကား၊ ဆုတောင်းစကားတွေ ပို့ပေးနေကြပါတယ်။ သတင်းမီဒီယာတွေနဲ့ ရဲအဖွဲ့တွေကလည်း Sinai Medical Center ရဲ့ အပြင်ဘက်မှာ သူမရဲ့ အခြေအနေကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။


 



Follow us on