1. Home
  2. International News

ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်တုပါတဲ့ အထပ်မြင့်အဆောက်အဦ

International News ก.ค. 25, 2561 view 1,636

တရုပ်နိုင်ငံ တောင်ပိုင်းရှိ ကွေ့ယောင်မြို့က အထပ်မြင့်တိုက် အဆောက်အဦတစ်ခုမှာ ပေပေါင်း ၃၅၀ မြင့်တဲ့ ရေတံခွန်ကို ဒီဇိုင်းထုတ် ဖန်တီးတည်ဆောက်ခဲ့ပါတယ်။

အမြင့်မီတာ ၁၈၀ (ပေ ၃၅၀) ရှိတဲ့ ရေတံခွန်ဟာ ကမ္ဘာပေါ်က လူတို့ဖန်တီးထားတဲ့ ရေတံခွန်အတုတွေထဲမှာ အမြင့်ဆုံးတစ်ခု ဖြစ်လာပါတယ်။ Liebian Building လို့ခေါ်တဲ့ ဒီအဆောက်အဦဟာ မြို့လည်ကောင်က စီးပွားရေအချက်အချာကျတဲ့ နေရာမှာတည်ရှိပါတယ်။

အချိန်တိုင်းရေတွေ တဟုန်ထိုးစီးဆင်းနေတဲ့ ရေတံခွန်ကြီးဟာ မြို့ပြရဲ့အလှအပကျက်သရေဆောင် တစ်ခုအဖြစ် ခန့်ညားစွာရှိနေပါတယ်။ ရေတံခွန်ကြီးကို ဖန်တီးခဲ့တဲ့ ကွေးကျိုးအိမ်ခြံမြေကုမ္ပဏီက နွေရာသီရဲ့ အပူဒဏ်ကို အမြင်အာရုံဖြင့် ပြေပျောက်စေရန် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ သက်တန့်ထွက်လာတဲ့အချိန်ဆိုရင် အားလုံးက ငေးမောကြည့်နေရတယ်လို့ ဒေသခံအချို့ကလည်း ပြောကြားခဲ့ပါတယ်။

သို့ပေမယ့်လည်း ဝေဖန်သူတွေ ရှိနေခဲ့ပြီး ရေဖြုန်းတီးတယ်၊ ရေကျသံတွေဟာ ပတ်ဝန်းကျင်မှာ ဆူညံစေတယ် စသည်ဖြင့် ဝေဖန်လျှက်ရှိပါတယ်။ ဒါ့အပြင် ရေတံခွန်ကို လည်ပတ်ဖို့အတွက် ကုန်ကျမယ့် မီတာခစရိတ် အပေါ်မှာလည်း ဖြုန်းတီးမှုအဖြစ် သတ်မှတ်ပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
 



Follow us on