လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော မန္တလေး ကညန မှ လိုင်စင်မဲ့ ကားများ၊ မော်တော်ဆိုင်ကယ်များကို ဖျက်ဆီးနေပြီဆိုတဲ့ သတင်းမှာ အတင်းအမှားသာဖြစ်ပါတယ်။ သတင်းအမှန်ကတော့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ၏ အမိန့်ဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ပိုင်ဆိုင်သော ဇိမ်ခံကား၊ ပြိုင်ကားနှင့် မော်တော်ဆိုင်ကယ် အကောင်းစားများကို ဇူလိုင်လ ၃၀ ရက်နေ့က မြေတူးစက်ကြီးများဖြင့် ကြိတ်နင်းချေ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဖျက်ဆီးခံရသော မော်တော်ယာဉ်များထဲတွင် တန်ဖိုးကြီး Lamborghinis, Mustangs နဲ့ Porsches အမှတ်တံဆိပ်များပါဝင်ပြီး ဖိလစ်ပိုင်ပီဆို ၂၉၈ သန်း အမေရိကန်ဒေါ်လာ ၄ သန်းကျော် တန်ဖိုး ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
သမ္မတဒူတာတေး ဟာ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် နှိပ်နင်းရာမှာ ကြမ်းလွန်းသူအဖြစ် နာမည်ကြီးသူလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဥပဒေစိုးမိုးရေး လုပ်ဆောင်တဲ့အစီစဉ်ဟာ သူ့ရဲ့ ဦးစားပေး နံပါတ်တစ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့က ဖျက်ဆီးခဲ့ရာတွင် ကားနဲ့ မော်တော်ဆိုင်ကယ် စုစုပေါင်း အစီး ၈၀၀ ခန့်ပါဝင်ခဲ့ပြီး ကာဂါရန်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သမ္မတရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။