1. Home
  2. International News

မင်းသားကြီး စတီဗင်ဆီးဂဲလ် ကို ရုရှားက အထူးသံတမန်အဖြစ်ခန့်အပ်

International News ส.ค. 07, 2561 view 1,480

ကမ္ဘာကျော် အက်ရှင်ဆံရှည်မင်းသားကြီး စတီဗင်ဆီးဂဲလ် ကို အမေရိကန်နဲ့ ရုရှားဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး သံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌါနက ပြီးခဲ့တဲ့ စနေနေ့က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံကြားက လူသားချင်းဆိုင်ရာ ယဉ်ကျေးမှု၊ အနုပညာ နဲ့ လူငယ်အချင်းချင်း အတွေ့အကြုံတွေ ပူးပေါင်းဖလှယ်ကြဖို့ ရည်ရွယ်တယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် လိုပဲ မင်းသားကြီး စတီဗင်ဆီးဂဲလ်ဟာ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံရေး ခေါင်းဆောင်တွေဘက်ကနေ ကာကွယ်ပြောဆိုတတ်သူလည်းဖြစ်တာကြောင့် ၂၀၁၆ ခုနှစ်မှာ ရုရှားက နိုင်ငံသား ဖြစ်ခွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

စတီဗင်ဆီးဂဲလ် အတွက် ရုရှားနိုင်ငံကူးလက်မှတ်ကို သမ္မတပူတင်ကိုယ်တိုင် ထုတ်ပေးခဲ့ပြီး မော်စကိုနဲ့ ဝါရှင်တန်တို့ကြားမှာ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖလှယ်ပေးနိုင်ဖို့ မျှော်လင်းကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် ရုရှားနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကတော့ ဆိုးရွားနေမြဲပဲဖြစ်ပါတယ်။ အမေရိကန်ဘက်က ရုရှားဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲခဲ့ပေမယ့် ရုရှားကတော့ ဒါကို ငြင်းပယ်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ ယူကရိန်းနိုင်ငံတို့ရဲ့အပေါ် နှစ်နိုင်ငံသဘောထားလည်း တိုက်ဆိုင်ခြင်းမရှိပါဘူး။

ရုပ်ရှင်မင်းသားကြီး စတီဗင်ဆီးဂဲလ် ကို အမေရိကန်နဲ့ ဆက်ဆံရေးမှာ သံတမန်အဖြစ်ခန့်အပ်ခဲ့ပေမယ့် မင်းသားကြီးအနေနဲ့ လခရရှိမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌါနက ဖော်ပြထားပါတယ်။

ကျွန်တော်အနေနဲ့ ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် အရင်ကတည်းက လုပ်ဆောင်ချင်နေခဲ့တာပါ၊ အခုလို ခန့်အပ်တဲ့အပေါ်ကိုလည်း စိတ်ပါလက်ပါနဲ့ ထမ်းဆောင်ပါမယ်” ဟု ရုရှားမီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
 



Follow us on