1. Home
  2. International News

ကနေဒါနိုင်ငံကို 9/11 အကြမ်းဖက်မှုပုံစံနဲ့ ဆော်ဒီခြိမ်းခြောက်

International News ส.ค. 08, 2561 view 1,616

အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအပေါ် အကြောင်းပြုကာ ဆော်ဒီအာရေးဘီးယားနဲ့ ကနေဒါနိုင်ငံ တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး၊ အရှိန်အဟုန်မြှင့် လုပ်ဆောင်သည့်အနေနှင့် ကနေဒါနိုင်ငံ တိုရန်တိုမြို့မှ ဆော်ဒီလေကြောင်းလိုင်း ပျံသန်းမှုကို လာမည့်အပတ်မှစတင်ကာ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီနိုင်ငံ ရီယာဒါမြို့တွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများအား ဖမ်းဆီးထောင်ချနေဆဲ အပေါ် နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ခဲ့ရာမှ အခြေခံခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအစိုးရက ကနေဒါသံအမတ်ကို ၂၄ နာရီအတွင်း နိုင်ငံထဲမှ ထွက်သွားရန် မောင်းထုတ်ခဲ့သည်။

ဆော်ဒီအစိုးရ အဖွဲ့အစည်း၏ တွစ်တာအကောင့်တွင် ၉/၁၁ တုန်းက အမေရိကန်ကုန်သွယ်ရေးအဆောက်အဦကို လေယာဉ်နဲ့ ဝင်တိုက်ခဲ့သည့်ပုံစံအတိုင်း ကနေဒါနိုင်ငံ တိုရန်တိုမြို့ရဲ့ အမြင့်ဆုံး အဆောက်အဦတစ်ခုဖြစ်သည့် CN Tower ကို လေယာဉ်တစ်စင်း ဦးတည်ပျံသန်းလာသည့် ပုံနဲ့ တင်ထားခဲ့သည်။

သိပ်မကြာခင်မှာ အဆိုပါအကောင့်မှ ပြန်လည်တောင်းပန်ခဲ့ပြီး လေယာဉ်ပျံပုံကို ဖြုတ်ချသွားခဲ့သည်။ သို့သော် အဆိုပါပုံကို ကူးယူထားသူများရှိခဲ့ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်မှုများပြားခဲ့သည်။

ကနေဒါနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး ရှေ့တန်းမှ အမြဲပါဝင်သော နိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှ အမျိုးသမီးများ၏ အခွင့်အရေးသည် လူ့အခွင့်အရေးပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Samar Badawi


ဆော်ဒီနိုင်ငံမှ အမျိုးသမီးအခွင့်အရေးလှုပရှားသူ Samar Badawi ကို ဆော်ဒီအစိုးရက ပြီးခဲ့သည့် အပတ်က ဖမ်းဆီးထောင်ချခဲ့သည်။ သူမ၏ မောင်ဖြစ်သူ ဘလော့ခ်ကာ Raif Badawi ကို ၂၀၁၂ က ဖမ်းဆီးထောင်ချခဲ့သည်။ Badawi ရဲ့ ဇနီးဖြစ်သူနဲ့ ကလေး ၃ ဦးဟာ ကနေဒါနိုင်ငံမှာ ခိုလှုံလျှက်ရှိသည်။

Badawi ရဲ့ ဇနီး


လက်ရှိအခြေအနေတွင် ကနေဒါနှင့် ကုန်သွယ်ရင်းနှီးမြုတ်နှံမှုများ၊ ငွေကြေးစီးဆင်းမှုများကို နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်သည်အထိ ရပ်တန့်ထားရန် ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးဌါနမှ ကြေညာခဲ့သည်။

ကနေဒါနိုင်ငံတွင် ပညာသင်ကြားနေသော ဆော်ဒီကျောင်းသားများကို အခြားနိုင်ငံများသို့ပြောင်းရွေ့ရန်၊ ဆော်ဒီလေကြောင်းမှလည်း တိုရန်တိုမြို့မှ ပျံသန်းမှုများကိုလည်း ရပ်ဆိုင်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။
 



Follow us on