1. Home
  2. International News

သတင်းမှားဖြန့်ဝေမှုများ တားမြစ်နိုင်မည့်နည်းလမ်း ရှာဖွေရန် အန္ဒိယအစိုးရဖိအားပေး

International News ส.ค. 08, 2561 view 1,550

အိန္ဒိယနိုင်ငံတွင် လူမှုကွန်ယက်ပလက်ဖောင်းများဖြစ်သည့် Facebook, WhatsApp တို့ကို အလွဲအသုံးချနေမှုများကို ပိတ်ပင်နိုင်မည့်နည်းလမ်းကို ရှာဖွေရန် တယ်လီကွန်း အော်ပရေတာများအား အစိုးရက စေခိုင်းနေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အဆိုပါလူမှုကွန်ယက်များပေါ်မှတစ်ဆင့် သတင်းအမှားများ လျှင်မြန်စွာ ပျံ့နှံ့နေမှုကြောင့် ဒေါသအလျှောက် နေရာအနှံ့ အကြမ်းဖက်မှုများ လူသေဆုံးမှုများ ဖြစ်ပွားလျှက်ရှိသည်။

ဇူလိုင်လကတည်းက စတင်ကာ အိန္ဒိယဆက်သွယ်ရေးဝန်ကြီးဌါနက တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာများကို ယင်းကဲ့သို့ သတင်းအမှားများ ပျံ့နှံ့ခြင်းမရှိအောင် သတင်းမှားများကို ပိတ်ပင်တားမြစ်နိုင်မည့် ဖြစ်နိုင်ခြေနည်းလမ်းမှန်သမျှကို ရှာဖွေကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။

Facebook, WhatsApp နဲ့ Instagram တို့မှာ Facebook ၏ ပိုင်ဆိုင်မှုများဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ WhatsApp အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး စာများ၊ ဓာတ်ပုံဗီဒီယိုများကို အဆိုပါ အပလီကေးရှင်းဖြင့် အပြန်အလှန်ဆက်သွယ်ပေးပို့နေကြခြင်းဖြစ်သည်။

WhatsApp အနေနဲ့ မက်ဆေ့ ထပ်ဆင့်ပေးပို့ခြင်း(forwards) ကို အများဆုံး ၅ ကြိမ်ထိသာ ပြုလုပ်နိုင်အောင် ကန့်သတ်သွားမည်ဖြစ်ပြီး မြန်မြန်ဆန်ဆန် ထပ်ဆင့်ပို့နိုင်ရန် ထည့်သွင်းထာသော လုပ်ဆောင်မှုကို ဖယ်ရှားသွားမည်ဟု ဂျူလိုင်လတုန်းက ပြောကြားခဲ့သည်။



Follow us on