1. Home
  2. International News

လေကြောင်းလိုင်း အလုပ်သမား လေယာဉ်ခိုးယူမောင်းနှင်ကာ အဆုံးစီရင်

International News ส.ค. 13, 2561 view 1,507

အမေရိကန်လေကြောင်းလိုင်းမှ အလုပ်သမားတစ်ဦးဟာ ပြင်ဆင်ရန် ရပ်နားထားသော လေယာဉ်တစ်စင်းကို ဆီယာတဲလ်လေဆိပ်မှ ခိုးယူမောင်းနှင်ခဲ့ပြီးနောက် လူနေကျဲပါးသည် ကျွန်းပေါ်ထိုးစိုက်ကာ ပျက်ကျခဲ့မှုတစ်ခု သြဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က ဆီယာတဲလ်လေဆိပ် လေယာဉ်ပြုပြင်ရေးနေရာတွင် ရပ်နားထားသော Bombardier Q400 တာဗိုပန်ကာတပ်လေယာဉ်တစ်စင်းကို ပြုပြင်ရေးဝန်ထမ်းတစ်ဦးက  ည ၈ နာရီအချိန်ခန့်တွင် ခိုးယူတက်မောင်းကာ ပျံသန်းထွက်ခွာသွားခဲ့သည်။

ထွက်ခွာပြီး တစ်နာရီခန့်အကြာတွင် အဆိုပါလေယာဉ်၏ အနောက်မှ ဖိုက်တာလေယာဉ်နှစ်စင်း ထပ်ချပ်မကွာ လိုက်လာခဲ့ပြီး ဟန့်တားရန် ကြိုးစားစဉ် ပူဂတ်ရေလက်ကြား အနီးရှိ ကတ်ထရွန် ကျွန်းပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

အမည်ဖော်ပြခြင်မရှိသော ဝန်ထမ်းမှာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး ဖြစ်စဉ်တစ်ခုလုံးကို တစ်ဦးတည်းမှ ကြိုတင်ကြံစည်ခဲ့ကာ မိမိကိုယ်ကိုယ်လုပ်ကြံခဲ့တာ ဖြစ်နိုင်ကြောင်း ပီယာ့စ်ကောင်တီရဲဌါနက လူမှုကွန်ယက် တွစ်တာမီတစ်ဆင့် ဖော်ပြခဲ့သည်။

ပျက်ကျခဲ့ရသည့်အကြောင်းရင်းမှာ လေယထဲတွင် စတန့်ထွင်ပျံသန်းခြင်း သို့မဟုတ် လေယာဉ်မောင်းပညာ မလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
အလက်စကားလေယာဉ်အုပ်စုမှ စီအီးအိုဖြစ်သူ ဘရတ်ဒ်တေလ်ဒန် က အဆိုပါဖြစ်ရပ်နဲ့ ပက်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်သွားမည်ဖြစ်ကြောင်း အွန်လိုင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

မျက်မြင်သက်သေများ ရိုက်ကူးထားသော ဗီဒီယိုရုပ်သံ စုစည်းမှုများအရ အဆိုပါလေယာဉ်နောက်သို့ ဖိုက်တာဂျက်လေယာဉ်နှစ်စင်း လိုက်လာခဲ့စဉ် လေယာဉ်မှာ အနိမ့်ဆုံး ပျံသန်းခဲ့ပြီးနောက် ကျွန်းပေါ်သို့ ထိုးစိုက်ကာ ပျက်ကျခဲ့ကြောင်း တွေ့ရှိရသည်။ လေယာဉ်ပျက်ကျမှုနဲ့အတူ လေယာဉ်မောင်းသူ သေဆုံးသွားနိုင်ကြောင်း ယူဆထားကြသည်။


 



Follow us on