1. Home
  2. International News

အီတလီနိုင်ငံတွင် အဝေးပြေလမ်း တံတားပြိုကျမှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီသေဆုံး

International News ส.ค. 15, 2561 view 1,769

သြဂုတ်လ ၁၄ ရက်(အင်္ဂါနေ့)က အီတစ်လီနိုင်ငံ Genoa မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာသည့် တံတားကြီးတစ်စင်း ပြိုကျခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပွားခဲ့ပြီး အစိုးရကတောင် ဧရာမအဖြစ်ဆိုးကြီးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့နဲ့ ဆက်သွယ်ထားတဲ့ ၁၀ လမ်းသွား တံတားကြီးဟာ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ပြိုကျခဲ့ခြင်းဖြစ်သည်။ တံတားပြိုကျမှုကြောင့် လူပေါင်း ၃၀ ခန့် သေဆုံးမယ်လို့ ခန့်မှန်းထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Matteo Salvini က ပြောကြားခဲ့သည်။

များမကြာမီမှာတော့ ဝန်ကြီးချုပ် Giuseppe Conte က သေဆုံးသူ ၂၅ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကြောင့် သေဆုံးမှုလူဦးရေ တို့လားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဆိုး ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ဘယ်သူမှာတာဝန်အရှိဆုံးလည်းဆိုတာကို အီတလီတစ်နိုင်ငံလုံးက အထူးဈတ်ဝင်စားနေကြပါတယ်။ ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် အီတလီ နိုင်ငံတစ်ဝှမ်းရှိ အဆောက်အဦ လမ်းတံတားတွေကို ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ရအောင် စတင်စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြိုကျခဲ့သည့် အဝေးပြေးလမ်း တံတားကြီးမှာ တောင်ပိုင်း ကမ်းခြေမြို့နဲ့ အဓိကဆက်သွယ်ပေးရာ ပင်မတံတားကြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ Genoa မြို့အနီးတစ်ဝိုက်က ရထားပြေးဆွဲမှဒကို ခေတ္တရပ်ဆိုင်းထားပါတယ်။

Source - CNA


 



Follow us on