1. Home
  2. International News

ဇနီးကိုသတ်ပြီး ရေခဲသေတ္တာထဲ ထည့်ခဲထားသူအား သေဒဏ်ချမှတ်

International News ส.ค. 24, 2561 view 1,583

ရှန်ဟိုင်းမြို့မှ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူကို သတ်ပြီးနောက် အလောင်းကို ရေခဲသေတ္တာထဲမှာ ၃ လကြာထည့်ပြီး ဝှက်ထားတဲ့အတွက် ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းပြည်သူ့တရားရုံး အမှတ် ၂ မှ သေဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့ပါတယ်။

‘ကျူရှာတုန်း’ (၃၀ နှစ်)က သူ၏ ဇနီးဖြစ်သူ ‘ယန်လီပင်း’ (၃၀ နှစ်ကို) ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ရှန်ဟိုင်းမြို့  ဟောင်ကွားဒေသရှိ သူတို့၏ နေအိမ်မှာ လည်ပင်းညှစ် သတ်ခဲ့ခြင်းဖြစ်သည်။

အဲဒီနောက် ဇနီးသည်ရဲ့အလောင်းကို အိပ်ယာဖုံးနဲ့ လိပ်ကာ ရေခဲသေတ္တာထဲတွင် ရက်ပေါင်း ၁၅၀ ဝှက်ထားခဲ့သည်။ အဲဒီအချိန်ကာလတွေမှာ ဇနီးဖြစ်သူဆီကို ဆွေမျိုးတွေ အပေါင်းအသင်းတွေက ပေးပို့လာတဲ့ လူမှုကွန်ယက်က စာတွေကို သူကပဲ ဒိုင်ခံပြန်ကြားပေးနေခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


ဒါပေမယ့် ယောက္ခမဖြစ်သူရဲ့ မွေးနေ့ပါတီကို လင်မယားနှစ်ယောက်စလုံး လာခဲ့ကြဖို့ ဖိတ်ကြားခံခဲ့ရပြီးနောက်မှာတော့ ဒီအဖြစ်ပျက်ကို ဆက်ပြီးဖုံးကွယ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ‘ကျူ’ ဟာ သူကိုယ်တိုင်ပဲ ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။

ဇနီးသည်ရဲ့ ဆွေမျိုးတွေကတော့ ‘ကျူ’ ဟာ ကြိုတင်စီစဉ်ပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ရေခဲသေတ္တာကို ဇနီးသည်အား မသတ်မီ ၂ လ အလိုကမှ ဝယ်ထားတာကို ထောက်ပြခဲ့ကြပါတယ်။
ဒါပေမယ့် ရေခဲသေတ္တာဟာ သူ့ရဲ့အိမ်မွေးတွားသွား တိရိစ္ဆာန်အတွက် အစာတွေကိုခဲထားဖို့ ဝယ်ခဲ့ခြင်းသာဖြစ်ကြောင်း ‘ကျူ’ က တရားရုံးမှာ ထွက်ဆိုခဲ့သည်။
 



Follow us on