1. Home
  2. International News

ဘုန်းကြီးအရိုက်ကြမ်းလို့ ၉ နှစ်အရွယ် ကိုရင်လေး သေဆုံး

International News ส.ค. 28, 2561 view 1,927

အသက် ၉ နှစ်အရွယ် ကိုရင်လေးဟာ အသက် ၆၄ နှစ်အရွယ် ဘုန်းကြီးတော်ကြီးတစ်ပါးရဲ့ ကြိမ်လုံးနဲ့ ရိုက်နှက်တဲ့ဒဏ် ဘုန်းကြီးကျောင်းရဲ့တိုင်နဲ့ ခေါင်းကို အစောင့်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် သတိလစ်မေ့မျော(ကိုမာ)ရခဲ့ရာမှ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်ဖက် ကချနာဘူရီရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘုရားဝတ်ပြုနေချိန်အတွင်း ကိုရင်ငယ်ဟာ စည်းကမ်းမလိုက်တာဘူးဟု ဆိုကာ အပြစ်ပေးရိုက်နှက်ရာမှ သေဆုံးခဲ့သည်ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စဖာချိုင် ဆူသီယာနို

ရိုက်နှက်ခဲ့သူ (ဘွဲ့အမည် စဖာချိုင် ဆူသီယာနို)ဘုန်းကြီးအား တနင်္ဂနွေနေ့က လူဝတ်လဲစေခဲ့ပြီး သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပါတယ်။ သေဆုံးသူ ကလေးရဲ့ မိခင်ဖြစ်သူကတော့ ဘုန်းကြီးကို ခွင့်မလွှတ်နိုင်ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
တရားခံကို သေစေလောက်တဲ့အထိ နှိပ်စက်ရိုက်နှက်မှုနဲ့ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


 



Follow us on