1. Home
  2. International News

၂၀၁၈ အာရှပြိုင်ပွဲပိတ်ပွဲတွင် ကိုရီးယား K-Pop အဖွဲ့နှစ်ဖွဲ့ဖျော်ဖြေမည်

International News ส.ค. 29, 2561 view 1,523

၂၀၁၈ ခုနှစ် အာရှနိုင်ငံများ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပလျှက်ရှိရာ လာမည့် စက်တင်ဘာ ၂ ရက်နေ့ ပိတ်ပွဲအခမ်းအနားတွင် တောင်ကိုရီးယား နာမည်ကြီး K-Pop အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် “SUPER JUNIOR” နှင့် “iKON” အဖွဲ့တို့ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့မှ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

၁၆ ရက်တိုင်တိုင် ကျင်ပခဲ့ပြီးနောက် ပိတ်ပွဲအခမ်းအနားကို ဂျာကာတာရှိ “ဂီလိုရာဘမ်းကာနို” အားကစားကွင်းကြီးမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပိတ်ပွဲအတွက် လက်မှတ်များ ရောင်းချလျှက်ရှိပြီး အမေရိကန်ဒေါ်လာ ၃၁ ကနေ ၁၃၇ ထိ ရှိကြောင်း သိရှိရသည်။

လာရောက်ဖော်ဖြေမည့် K-Pop နှစ်ဖွဲ့စလုံးဟာ အင်ဒိုနီးရှားပရိသတ်အခိုင်အမာ ရရှိထားကြပါတယ်။ တစ်ဖွဲ့ခြင်းစီက သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပိတ်ပွဲမှာ လာရောက်ဖျော်ဖြေမှာဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါ SUPER JUNIOR က Likes ၉၄,၀၀၀ ကျော် ရရှိခဲ့ပြီး iKON ကတော့ Likes ၈၀,၀၀၀ ကျော် ရရှိထားပါတယ်။


အဆိုပါ ၂၀၁၈ ခုနှစ် အာရှနိုင်ငံများ အားကစားပွဲတွင် မြန်မာနိုင်ငံမှာလည်း မြှားပစ်၊ ကနူးလှေ၊ ဘောလုံး(အမျိုးသား)၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဝူရူး၊ ဘောလီဘော၊ ခြင်းလုံး စတဲ့ ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီအားကစားပြိုင်ပွဲမှာ  အမျိုးသမီး ခြင်းလုံးအဖွဲ့က ကြေးတံဆိပ်၊ ဝူရှုးမှာ ငြိမ်းချမ်းကိုကို က ကြေးတံဆိပ်တို့ ရရှိခဲ့ပါတယ်။


 



Follow us on